Chapter 85

2.1K 319 9
                                    

Chapter 85

Connected အရမ်းကောင်းမွန်တဲ့ agentကြောင့်...
ထိုနေ့ မတိုင်ခင်မှာပဲ လုပ်ဖော်ကိုင်ဖက်လူအုပ်တစ်စုနဲ့ ချိတ်ဆက်မိခဲ့ပြီး သူ့အတွက် လုချန်ဟဲ စီစဥ်ပေးထားတဲ့ လက်ထောက် ရောက်လာတယ်။ ထိုသူက အသက် ၂၀လောက်ပဲ ရှိသေးတဲ့ လူငယ် တစ်ဦး ဖြစ်ပြီး
ချစ်စရာကောင်းတဲ့ baby face နဲ့အတူတူ ပြုံးလိုက်ရင် မျက်လုံးတွေက လခြမ်းကွေးလေးသဏ္ဍာန် ကွေးညွှတ်သွားလေ့ရှိတယ်။ ကျောက်နင်း သူ့ကို မြင်လိုက်ရတဲ့အချိန်မှာ မတတ်နိုင်ပဲ ရယ်မောမိနေတော့တယ်။

ယန်ရှန် အမည်တွင်တဲ့ ကောင်လေးက သူနဲ့ size အတူတူလောက်ပဲလို့ ထင်နေပေမဲ့လည်း....၊
သူ မေးကြည့်လိုက်တဲ့အခါမှာ သူတို့တွေက အသက် 25 /26ထဲကို ရောက်နေပြီးသားလူတွေဖြစ်လေတယ်။ဒါပေမဲ့ baby faceလေးက အသက်အကြီးဆုံးပဲ။
ဒါကြောင့်  ရှောင်ပိုင်က သူတို့တွေကို
ကြည့်လိုက်ပြီး ပြောလိုက်တာက သူ ကလေးနှစ်ယောက်ကို ခေါ်လာသလိုပဲတဲ့။

ယန်ရှန်က baby faceလေးပေမဲ့ သူ့အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကတော့ တကယ့်ကို ပထမတန်းစားပဲ။ ကျောက်နင်း ဘာမှလုပ်စရာတောင်မလိုပဲ သူက အကုန်လုံးကို အရင် လုပ်ပြီးနေပြီ။ အထူးသဖြင့် သူ့ပတ်ဝန်းကျင်က
တစ်ချို့ interpersonal ဆက်ဆံရေးတွေနဲ့ ပတ်သတ်ပြီးပေါ့။

အချိန်တော်တော်ကြာအောင် သူ လူအုပ်ထဲမှာ ရှိပြီး
ရုပ်ရှင် ရိုက်ကူးရေးလုပ်ကြတဲ့ သရုပ်ဆောင်တွေရဲ့ လက်ထောက်တွေအများကြီးနဲ့
စကားပြောရတယ်လေ..။
အာ့လိုအချိန်မျိုးမှာဆိုရင် အချိန်တိုင်းလိုလို ယန်ရှန်က သူ့ဘေးကနေ အခြေအနေတွေကို တင်ပြပေးပြီး၊ ကြိုတင်ပြင်ဆင်ရမှာတွေကို သတိပေးတတ်တယ်။ ကျောက်နင်း မတတ်နိုင်ပေမဲ့လည်း ဒီခံစားချက်က
သာမာန်ခံစားချက်ပဲ။ ဒါက big bossနဲ့ သာမာန်လူကြားက ကွဲပြားခြားနားချက်ပဲ။ သူက ဘေးက လူတစ်ယောက်ကို ဆွဲထုတ်လိုက်ရုံနဲ့တင်...
အလုပ်လုပ်နိုင်စွမ်းက မင်းကို မူးမေ့သတိလစ်သွားစေမတတ်ဖြစ်သွားနိုင်တယ်။

တကယ်လို့ သူက သာမာန် ရုပ်ရှင်ရိုက်ကူးရေးကို
လုပ်ခဲ့ရင်တောင် နေ့တိုင်း အိမ်ကို တကယ် ပြန်ချင်နေတုန်းပဲ။ ကျောက်နင်း အမြဲတမ်း လုချန်ဟဲ ကို အချိန်တိုင်းလိုလို messageတွေ ပို့တတ်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now