Chapter 53

3.1K 574 19
                                    

Chapter - 53

နောက်ဆုံးတော့ လုချန်ဟဲ တရုတ်နှစ်သစ်ကူးမှာ
အိမ်ပြန်လို့မရတာသေချာသွားတယ်။ လုချန်ဟဲ
သူ့အမေနဲ့ဖုန်းခဏပြောပြီးတဲ့အချိန်မှာ ပူတင်းလေးက အစားအသောက်တွေအပြည့်ဖြစ်နေတဲ့
စားပွဲအနားကနေ ခွာဖို့ တုန့်ဆုတ်နေတာကိုမြင်လိုက်ရတယ်။

သူ ပူတင်းလေးကိုဖက်ဖို့ အနားကိုလျှောက်လာတဲ့အချိန်မှာ ပူတင်းလေးကစားပွဲကိုပဲ ခဏခဏပြန်လှည့်ကြည့်နေတာကို မြင်လိုက်ရတာကြောင့် လုချန်ဟဲအေးစက်စွာပြောလိုက်တယ်။

" စားဖို့စိတ်မကူးနဲ့..ဟင်းပွဲတွေကအများကြီးပဲ
မင်းအဲ့တာတွေကိုစားလို့မရဘူး.."

ကျောက်နင်း သူ့မျက်နှာကိုတစ်ချက်ကုတ်လိုက်ပြီး အတော်လေးဝမ်းနည်းပူဆွေးနေတဲ့ပုံနဲ့ စားပွဲပေါ်ကိုကြည့်လိုက်တော့တယ်။

" အာဝု အာဝု ..."
ဒီနေ့ကနှစ်သစ်ကူးနေ့လေကွာ
ငါတစ်ခါလောက်ကောင်းကောင်းစားပါရစေ..
အဲ့တာတွေစားလို့မင်းရဲ့ခွေးလေးမသေနိုင်ပါဘူး..။

ဟင်းပန်ကန်တွေပြင်ဆင်ပေးနေတဲ့ချီဝေက ပူတင်းလေးရဲ့သနားစရာကောင်းတဲ့ပုံစံကို မြင်လိုက်ရတာကြောင့် သူပူတင်းလေးရဲ့ခေါင်းလေးကိုပွတ်သပ်ပေးဖို့ သူ့အနားကိုလျှောက်လာတယ်။

" မဖြစ်ဘူး..မင်းအဲ့တာတွေစားရင်
မင်းရဲ့အမွှေးလှလှလေးတွေအကုန်ကျွတ်ကုန်လိမ့်မယ်.."

ကျောက်နင်းက ချီဝေရဲ့လက်ကို ပုတ်ထုတ်လိုက်တယ်။

သူ လုချန်ဟဲနဲ့ပြောဆိုနေတဲ့အချိန်မှာ
အပြင်လူတွေပါလာလို့ သဝန်တိုစရာကိစ္စတွေဖြစ်မှာကိုသူမလိုလားဘူး!

နှစ်သစ်ကူးပွဲတော်မှာ ဘယ်လိုစကားကောင်းတွေ ပြောဆိုရမလဲဆိုတာကိုလည်း ကျောက်နင်းသေချာမသိဘူး..။

လုချန်ဟဲက သူ့ကိုဂရုစိုက်မနေတာကို မြင်လိုက်ရတာကြောင့် ကျောက်နင်းမကောင်းဆိုးဝါးလေးလိုမျိုး လုချန်ဟဲကိုယ်ပေါ်ခုန်တက်သွားပြီး သူ့ခေါင်းလေးနဲ့လုချန်ဟဲကိုယ်ကိုပွတ်သပ်နေရင်း သကြားလုံးရှာမတွေ့တဲ့ကလေးလိုမျိုး တအီအီအော်နေလေတော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now