Chapter 41(part 2)

3.1K 668 11
                                    

Chapter 41(part 2) နာမည်ကပ်ပြားလေးအခိုးခံလိုက်ရပြီ..

နဖူးမှာအဖြူရောင်အမှတ်သုံးခုပါတဲ့ huskyတစ်ကောင်က ပူတင်းလေးအနားကို တဖြည်းဖြည်းချဉ်းကပ်လာတယ်။ သူကပူတင်းလေးနဲ့ အရွယ်အစားအတူတူလောက်ဖြစ်ပြီး သူ့အမြှီးကိုလှုပ်ယမ်းနေလေတယ်။ အဲဒီ့အချိန်မှာ လုချန်ဟဲကပူတင်းလေးကို အရှေ့ကိုတွန်းပို့ပေးလိုက်​လေတော့တယ်။

" သွားလေ... ဟိုငတုံးလေးက သူ့အဖော်ငတုံးလေးကိုလာခေါ်နေပြီ "

ကျောက်နင်း နှာတစ်ချက်မှုတ်လိုက်တော့တယ်။

Huskyခွေးလေးက သူ့ကိုယ်သူသက်သောင့်သက်သာဖြစ်အောင် အရင်လုပ်လိုက်တယ်။

" Hey.. မင်းကခွေးပေါက်စလေးမဟုတ်တော့ဘူး အဲ့လောက်အထိသခင်ကိုတွယ်ကပ်မနေနဲ့တော့.. မင်းငါနဲ့အတူဆော့ချင်လား? "

ကျောက်နင်း သူ့ခေါင်းကိုအခြားတစ်ဖက်ကိုလှည့်လိုက်တယ်။
" မဆော့ချင်ဘူး "

Huskyခွေးလေးက သူ့အနားကိုတဖြည်းဖြည်းကပ်လာပြီး အနံ့ခံနေလေတယ်။

" မင်းကိုယ်ပေါ်ကအနံ့လေးကမွှေးလိုက်တာ.. ဝက်အူချောင်းအနံ့ပဲ မင်းမနက်ကအဲ့တာစားခဲ့တာလား? "

ကျောက်နင်းသူ့လက်နဲ့ huskyကောင်ကိုတွန်းထုတ်လိုက်တယ်။

" မစားခဲ့ဘူး မစားခဲ့တာမို့လို့ငါ့ကိုလာပြီးအနံ့ခံမနေဘဲ မင်းဟာမင်းသာသွားဆော့စမ်းပါကွာ..."

Huskyခွေးလေးက နှာတစ်ချက်မှုတ်လိုက်ပြီး သူ့အမြှီးကိုထောင်ရင်း ဘက်လုချန်ဟဲကိုပြေးသွားတော့တယ်။

"ငါသေချာအနံ့ရနေတာ...
မင်းရဲ့လူကိုယ်ပေါ်မှာ ဝက်အူချောင်းရှိတာသေချာတယ် ငါရှာပြမယ် "

လုချန်ဟဲကခွေးလေးနှစ်ကောင်ကြားက တုန့်ပြန်မှု့ကိုစောင့်ကြည့်နေခဲ့တာဖြစ်တယ်။ ပူတင်းလေးက huskyခွေးလေးကိုတွန်းထုတ်လိုက်ပြီး အဲဒီ့နောက်မှာတော့ huskyခွေးလေးကသူ့ဆီကို ပြေးလာနေတာကို​တွေ့လိုက်ရတယ်။ အဲဒီ့ခွေးလေးကသူ့လက်မောင်းအနားအထိရောက်လာပြီး သူကလုံးဝလူစိမ်းကိုကြောက်တတ်တဲ့ပုံမပေါ်လေဘူး။ အဲဒီ့နောက်မှာတော့ ပူတင်းလေးကသူ့ဆီကိုအပြေးလာပြီး သူ့ရင်ခွင်ထဲဝင်လိုက်ရင်း huskyခွေးလေးဘက်ကိုလှည့်ပြီး အသံတိုးတိုးနဲ့မာန်ဖီနေလေတော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now