Chapter 45 (part 1)

3.1K 604 5
                                    

Chapter  45( part 1) ပူတင်းလေးရဲ့ဖွင့်ဟဝန်ခံချက်

လုချန်ဟဲ ပြတင်းပေါက်ရဲ့နောက်မှာအေးတိအေးစက်ပုံစံနဲ့ရပ်နေတယ်။ သူ့ရဲ့ရှည်လျားတဲ့အရိပ်က ဝရံတာရဲ့အပြင်ကို ကျနေတယ်။ ကျောက်နင်းကရေကန်ဘေးမှာနေပြီးရှေ့ခြေထောက်ကိုကားထားတယ်။ သူမျက်တောင်တစ်ဖျက်ဖျက်ခတ်လိုက်ပြီးဘာအမူအရာမှမပြတဲ့လုချန်ဟဲကိုကြည့်လိုက်တယ်။ မတော်တဆလဲသွားတာကိုပြောချင်ပေမဲ့လဲ လုချန်ဟဲယုံပါ့မလားဆိုတာမသေချာဘူး။လုချန်ဟဲတစ်ယောက်တံခါးကနေဖြတ်လျှောက်လာတယ်။ သူဆောင့်ကြောင့်ထိုင်လိုက်ပြီး စိုရွှဲနေတဲ့ခွေးလေးကိုကြည့်လိုက်တယ်။ သူအရမ်းစိုရွှဲပြီး ခေါင်းပေါ်ကအမွှေးတွေပြားနေတာကြောင့် သူ့မျက်လုံးတွေကြီးတဲ့ပုံပေါ်ပြီးဝိုင်းဆက်နေတာဘဲ။ လုချန်ဟဲကအသေးလေးရဲ့နှာခေါင်းကိုပုတ်လိုက်ပြီး.....
"ဒါဆိုမင်းကိုထပ်ပြီးအပြင်ကိုထွက်မဆော့စေချင်ဘူးပေါ့,ဟုတ်တယ်မလား?"

"အာဝု..."
'အဲ့ဒါတကယ်မတော်တဆဖြစ်သွားတာပါ။ ငါ့ကိုယုံပါ။ '

လုချန်ဟဲရဲ့လက်ကိုရေထဲထည့်လိုက်ပြီး ရေရဲ့အပူချိန်ကိုစမ်းလိုက်တယ်။
ဒါကနွေဦးပိုင်းရဲ့နေ့လည်ခင်းတွေမှာချိုးတဲ့ ရေထက်တော့အေးတယ်။ သူခေါင်းကိုလှည့်လိုက်ပြီးpuppy eyesနဲ့ကောင်လေးကိုကြည့်လိုက်တယ်။

"သွားဆော့လေ။ မင်းဆော့လို့ဝတဲ့အချိန်ထိစောင့်မယ်။ "

အဲ့စကားကိုကြားတော့ကျောက်နင်းလန့်သွားတယ်။
မြန်မြန်ဆန်ဆန်ဘဲသူ့ရဲ့လက်သည်းတွေနဲ့လုချန်ဟဲရဲ့လက်ကိုပုတ်လိုက်ပြီး...
"ဝုတ် !"
မရူးစမ်းပါနဲ့။

လုချန်ဟဲက စိုပြီးနွေးနေတဲ့လက်လေးကိုကိုင်လိုက်တယ်။ လက်ဖဝါးကတော့နွေးနေတုန်းပဲ....။
ဒါပေမဲ့ရေထဲကထုတ်လိုက်တဲ့အခါမှာတော့တစ်ဖြေးဖြေးနဲ့အေးလာတယ်။ ဒါကြောင့်
ရှေ့ခြေကိုရေထဲပြန်ထည့်လိုက်တယ်။

"သွားလေ၊မင်းဆော့ပြီးသွားမှပြန်လာခဲ့၊
ဘာဘဲဖြစ်ဖြစ်စိုနေပြီးပြီပဲ။"

ကျောက်နင်းက လုချန်ဟဲကို သံသယအပြည့်နဲ့ကြည့်လိုက်တယ်။ အရမ်းမလွယ်လွန်းဘူးလား....။
ဒေါသမထွက်ဘူးလား....။ ဘာလို့
မုန်တိုင်းမလာခင် တိတ်ဆိတ်နေတယ်လို့ခံစားနေရတာလဲ....။ သို့သော်လဲ လုချန်ဟဲကပြောပြီးကတည်းက သူ့နှလုံးသားရဲ့ဆန္ဒအတိုင်းဆော့သင့်တာပဲလေ။ ​ေနွရာသီကြီးမှာ သူလုံလုံလောက်လောက်ဆော့ပြီးမှ အပြစ်ပေးခံရတယ်ဆိုရင်တော့မတန်ဘူး။ ကန်ထဲမှာမြူးတူးဆော့ကစားနေတဲ့ပူတင်းလေးကိုလုချန်ဟဲကြည့်လိုက်တယ်။ သူ့ကိုလက်ခံထားတာကိုဒေါသထွက်နေတယ်။ လုချန်ဟဲကသူ့ကိုစောင့်ကြည့်ဖို့ပျင်းပြီးအခန်းထဲကိုဝင်သွားတယ်။ TVကိုသတင်းလိုင်းပြောင်းပြီးlaptopကိုယူလိုက်တယ်။အိပ်ယာပေါ်မှာလှဲလိုက်ပြီး mailတွေကိုစစ်လိုက်တယ်။ ကျောက်နင်းသက်သောင့်သက်သာဘဲသက်ပြင်းချလိုက်ပြီး လန်းဆန်းလှတဲ့ရေပန်းရဲ့အလှကိုခံစားနေတယ်။ သူလူ့ဘဝတုန်းကဒီလိုအတွေ့အကြုံမျိုးတစ်ခါမှမခံစားဖူးဘူး။ အခုတော့ သူက ခွေးဖြစ်နေတော့ ဒီလိုအရာအမျိုးမျိုးကိုတွေ့ကြုံခံစားရတယ်။ နှင်းပွင့်အလွှာလေးတွေကရေကန်ဘေးမှာစုပြုံနေတေ့ာ ကျောက်နင်းရဲ့ခြေဖဝါးနဲ့ဖိချလိုက်တယ်။ ခြေရာသေးသေးလေးကိုကြည့်လိုက်ပြီးနည်းနည်းအထီးကျန်တယ်လို့ခံစားရတယ်။ ဒါကြောင့်လက်သည်းတွေကိုဆန့်ထုတ်လိုက်ပြီး အဲ့ဒီခြေရာရဲ့ဘေးမှာ...."လုချန်ဟဲ" ဆိုပြီးဂရုတစိုက်နဲ့ရေးလိုက်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now