Chapter 42(part 1)

3.1K 681 7
                                    

Chapter 42(part 1)
ဒီနေ့ညအိပ်ယာပေါ်မှာအိပ်ခွင့်မပေးဘူး

နောက်ဆုံးတော့ပူတင်းလေးကခွေးအသိုင်းဝိုင်းကိုလက်ခံတယ်လို့လုချန်ဟဲတွေးပြီးနောက် Husky တွေနဲ့အကြာကြီးဆော့ဖို့အချိန်ပေးလိုက်တယ်။ နောက်ဆုံးတော့ တန်ခယ်အာနဲ့စကားပြောဖို့ကျန်ခဲ့ပြီးပူတင်းလေးက ထွက်ပြေးသွားတယ်။ အဲ့ဒါကမျက်တောင်တစ်ခပ်လေးအတွင်းမှာဖြစ်သွားတာပဲ...။ ကစားတဲ့နေရာတော်တော်များများကလဲတစ်ချက်ထဲကြည့်ရုံနဲ့ရှင်းလင်းနေပြီး အတားဆီးလဲမရှိပါဘူး။ Samoyedကလဲကြီးနေပြီးဆိုတော့ဘယ်နေရာရောက်ရောက်မမြင်စရာအကြောင်းတော့မရှိပါဘူး။ ဒါပေမဲ့အခုတော့ဆော့နေရမဲ့ပူတင်းလေးကပျောက်နေတယ်။

သူတို့ကောင်းတဲ့စကားတွေကိုပြောနေပေမဲ့လဲ သူ့ရဲ့မျက်နှာကချက်ချင်းဘဲ အေးစက်စက်ပုံကိုပြောင်းသွားပြီးသူ့ရဲ့ပုံစံကလဲ ထိတ်လန့်လာတဲ့ပုံဘဲ။ သူမနှလုံးခုန်ရပ်သွားသလိုပဲ...။ သူငေးကြည့်တဲ့နေရာကိုလိုက်ကြည့်ပြီးသူမရဲ့နှလုံးသားတွေအေးခဲသွားတယ်။ Samoyed လေးပျောက်သွားပြီ။ လုချန်ဟဲ တန်ခယ်အာ
ကိုဆက်ပြီးအာရုံမစိုက်နိုင်တော့ဘူး။ ကစားကွင်းစီကိုသူ့ခြေတံရှည်ကြီးနဲ့လွှားကနဲကျော်ပြီးပြေးသွားလိုက်တယ်။ ပုန်းလို့လွယ်တဲ့နေရာတွေမှာ လိုက်ရှာပေမဲ့ ပူတင်းလေးက မရှိဘူး။ ပူတင်းလေးရဲ့နာမည်ကိုဘဲခဏခဏအော်ခေါ်နေမိတယ်။ ပူတင်းလေးဘယ်နေရာမှာဘဲကစားနေပါစေသူ့အသံကြားရင်တော့ချက်ချင်းပြေးလာမှာဘဲလေ။ သူဒီမှာမရှိကတည်းက အနီးအနားပတ်ဝန်းကျင်မှာမရှိလောက်တော့ဘူး။

လုချန်ဟဲ ခြောက်နေတဲ့သူ့နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ပြီး မျက်နှာလဲပိုပျက်လာတယ်။ ဒီစင်တာကြီးတစ်ခုလုံးကိုပိတ်လိုက်ချင်ပေမဲ့လဲ သူ့ရဲ့ဆင်ခြင်တုံတရားကြောင့်ဘာမှမလုပ်တော့ဘူး။သူစင်တာရဲ့တံခါးတွေကိုမပိတ်လိုက်ပေမဲ့လဲ လုံခြုံရေးကိုတော့တင်းကြပ်ဖို့ဖုန်းတွေတောက်လျှောက်ခေါ်နေတယ်။ အမိန့်က မန်နေဂျာစီရောက်သွားပြီး လုံခြုံရေးအစောင့်ကိုဝင်ပေါက်နဲ့ထွက်ပေါက်တွေမှာ စစ်ဖို့လွှတ်လိုက်တယ်။ Samoyed နဲ့အတူလမ်းလျှောက်လာတဲ့ဘယ်သူမဆိုချွင်းချက်မရှိရပ်ရမည်။ အနားယူနေတဲ့ပြန်ကြားရေးဝန်ထမ်းက တာဝန်တစ်ခုကိုရုတ်တရက် ရလိုက်တဲ့အခါမှာ အခြေအနေတွေထူးဆန်းနေတယ်။ ပုံမှန်ဆိုရင်ပျောက်သွားတဲ့ဘယ်ပစ္စည်းမဆို အများဆုံးတစ်ကြိမ်ဘဲကြေညာပေးရတယ်။ ဘယ်သူ့ခွေးပျောက်သွားတယ်ဆိုတာတော့သူမသိပေမဲ့ အဲ့လူကတော့ပေါ့သေးသေးမဟုတ်လောက်ဘူး။ လုချန်ဟဲနဲ့ တန်ခယ်အာရဲ့စကားဝိုင်းက တစ်မိနစ်ထက်မပိုလိုက်ဘူး။ ပူတင်းလေးကိုလဲဘယ်သူကမှတိတ်တိတ်လေးခေါ်သွားနိုင်မှာမဟုတ်ဘူး။ ဒါကြောင့်သူတစ်ယောက်ထဲဘဲလမ်းလျှောက်ထွက်သွားတာဖြစ်နိုင်တယ်။လုချန်ဟဲဒေါသထွက်နေပြီး ငရှုပ်လေးဘယ်ကိုသွားလဲဆိုတာဘုရားဘဲသိနိုင်မယ်လို့တွေးပြီးစိုးရိမ်နေတယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now