Chapter 74

3K 600 4
                                    

Chapter - 74

အချိန်နာရီဝက်နီးပါးရောက်လုခင်အထိ
ခွေးတစ်ကောင်အဖြစ်ပြန်ပြောင်းဖို့ ဘာလက္ခဏာမှ
မပြသတဲ့အခါမှာတော့ ကျောက်နင်း
အိပ်ရာပေါ်ခုန်တက်ပြီး အောင်ပွဲခံနေတော့တယ်။ သူ့ရဲ့လူသားအဖြစ် တည်ရှိမှု့က ဒီလောက်အချိန်တိုအတွင်းမှာပဲ ရှိနေသေးရင်တောင် ဒါက သူ့အတွက်
အကျိုးမယုတ်ဘူးလေ..။ သူရဲ့လူသားတစ်ယောက်ပုံစံကို ထိန်းချုပ်နိုင်မယ့်အချိန်က
မဝေးတော့ဘူးမဟုတ်လား..။

ဒါပေမယ့် သူ ကုတင်ပေါ်မှာ အိပ်ဖို့
လုချန်ဟဲကို တောင်းဆိုရတာက တကယ်ကို
ခက်ခဲခဲ့တာဖြစ်တယ်။ အခု သူက
လုချန်ဟဲဘေးမှာ ငြိမ်ငြိမ်လေးလှဲနေလို့ရရင်တောင်
လုချန်ဟဲ ဘယ်အချိန်စိတ်ဆိုးပြီးသူ့ကို
ကန်ထုတ်လိုက်မလဲဆိုတာကို
မသိနိုင်ဘူးမဟုတ်လား..လုချန်ဟဲက တကယ်ကို
အဲဒီ့လိုလုပ်ပစ်နိုင်တယ်လေ..။ သူက ပုံမှန်အတိုင်း
လုချန်ဟဲဆီမှာ အဖက်ခံထားရတဲ့အခြေအနေမျိုးလည်းမဟုတ်ဘဲ အိပ်မပျော်တဲ့အခြေအနေနဲ့ကုတင်ပေါ်မှာလှဲနေရတာကြောင့် သူအတော်လေးစိတ်အနှောင့်အယှက်ဖြစ်နေရတာဖြစ်တယ်။

လုချန်ဟဲက ပုံမှန်ဆိုရင် နေ့တိုင်းမအိပ်ခင်မှာ အိပ်ရာပေါ်မှာလှဲရင်းစာအုပ်ဖတ်လေ့ရှိပေမယ့် ဒီနေ့မှာတော့ သူ
အဲဒီ့လိုလုပ်ဖို့မဖြစ်နိုင်လေဘူး။ သူ့ရဲ့ဘေးမှာလှဲနေတဲ့ခွေးလေးက တကယ့်ခွေးလေးတစ်ကောင်သာဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ကိုယ်ပေါ်မှာလာတက်ပြီးအိပ်နေရင်တောင် သူ့အတွက်ပြဿနာမရှိပေမယ့် အခုက
သူတစ်ယောက်တည်းမဟုတ်တာကြောင့် အဲဒီ့အခြေအနေကသူ့အတွက် အနည်းငယ်ကို့ယို့ကားယားနိုင်တယ်လို့ခံစားနေရတာဖြစ်တယ်။ ဒါ့အပြင် သူက
ဒီအသက်အရွယ်ရောက်တဲ့အထိ သူ့ရဲ့အိပ်ရာကိုအခြားဘယ်သူနဲ့မှမျှဝေပြီးမသုံးခဲ့ဖူးလေဘူး။

ဒါပေမယ့် တစ်စုံတစ်ယောက်
အနားမှာရှိနေတဲ့ခံစားချက်က အရမ်းကြီးဆိုးရွားတာမျိုးတော့မဟုတ်ဘူး..။ အဲ့တာကလည်း သူကပူတင်းလေးဆိုတာကို သူ့ရဲ့မသိစိတ်ထဲမှာလက်ခံနေတာကြောင့် မငြင်းပယ်ခဲ့မိတာဖြစ်နိုင်တယ်..။ ဒါပေမယ့်
အဲဒီ့အကောင်ပေါက်လေးရဲ့လှုပ်ရှားချင်နေတာကို အတင်းတောင်ခံနေတဲ့ပုံစံက အတော်လေးစိတ်ဝင်စားစရာကောင်းနေတာဖြစ်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now