Chapter 7

5.1K 1K 12
                                    

Chapter 7- အနည်းငယ်စိတ်ပျက်ဖွယ်ကောင်းသောအမှန်တရား

သူ့ရဲ့ခြေထောက်တွေကို တင်းတင်းကြပ်ကြပ်
ဖက်တွယ်ဆုပ်ကိုင်ထားတဲ့အသေးလေးကို
ကြည့်လိုက်တယ်။

လုချန်ဟဲမှာ ရွေးချယ်စရာမရှိဘဲ သူ့ကို
ဖယ်ထုတ်ဖို့အတွက် အားတော်တော်သုံးလိုက်ရပြီး အိမ်တော်ထိန်းးရဲ့လက်ထဲကိုထည့်ပေးလိုက်တယ်။

သူထွက်သွားမှာကိုလဲမြင်ရော...အသေးလေးက
အထီးကျန်နေသကဲ့သို့ သနားစဖွယ်အသံလေးကိုလုပ်ပြီး ညည်းရင်း ပြေးလိုက်လာတယ်။

ဒီလိုပြုမူလိုက်ခြင်းဟာ လုချန်ဟဲကို
ရပ်တန့်သွားစေပြီး လှည့်ကြည့်သွားလာစေတယ်။
မျက်ရည်တလဲ့လဲ့နဲ့စိုစွတ်နေတဲ့မျက်လုံးကိုကြည့်ရင်း ရုတ်တရက်ဆိုသလို အိမ်တော်ထိန်းကို
လုချန်ဟဲ မေးမိလိုက်တယ်။

"ကျွန်တော်အိမ်မှာရှိမနေတဲ့အချိန်တွေမှာ
ဒီကောင်လေးဘာလုပ်နေလဲ။"

"များသောအားဖြင့်တော့ သူ့ခွေးအိမ်လေးထဲမှာ
အိပ်နေပါတယ်။ တစ်ခါတစ်လေ
စိတ်ပျက်လက်ပျောက်
လမ်းလျှောက်တယ်။ သူ ဗိုက်ဆာလာတဲ့အချိန်တွေမှာတော့ သူ့ဟာသူထစားတယ်။ သူလေးက
ကောင်းကောင်းနေပြီး...
ဆူဆူညံညံမလုပ်သလောက်ပါပဲ။"

အသေးလေးက အိမ်တော်ထိန်းရဲ့လက်ထဲမှာ
ရှိနေပေမဲ့လဲ သူ့ခန္ဓာကိုယ်နဲ့လက်သည်းတွေက
အငြိမ်မနေဘူး။ လုချန်ဟဲရဲ့နှလုံးသားက
နူးညံသွားပေမဲ့လဲ သူ ဘာမှမတတ်နိုင်ဘူးလေ။

သူ့ရဲ့ခေါင်းကိုပွတ်သပ်ပေးရင်း...
"အိမ်မှာကောင်းကောင်းနေနော်၊
ပြောစကားလဲနားထောင်"

သူ့ရဲ့နာခံမှုကို လျှော့မတွက်ပေမဲ့ အတိုင်းအတာတစ်ခုတော့ထားရမယ်။ လူတွေနဲ့ပူးကပ်ပြီးနေတာကတော့ ပြဿနာမရှိပေမဲ့ အရမ်းကြီး
လူကပ်နေမယ်ဆိုရင်တော့
စိတ်ပျက်စရာကောင်းလာပါလိမ့်မယ်။

အထူးသဖြင့် လုချန်ဟဲနားကို ရောက်တဲ့
အရင်ရက်တွေကတည်းက ရင်းနှီးမှုကို
တဖြေးဖြေးတည်ဆောက်ဖို့ဖြစ်တယ်။

မျိုးရိုးအရကွဲပြားမှုတွေရှိနေပေမဲ့လဲ လုချန်ဟဲနဲ့သူရဲ့ဆက်ဆံရေးကို ရေစက်ဆုံပြီးအတူနေရလိမ့်မယ်လို့ မမျှော်လင့်ထားပေမဲ့လဲ ဒီအချိန်မှာတော့
လုချန်ဟဲရဲ့အချစ်ဆုံးနဲ့
အစားထိုးမရတဲ့ခွေးလေးဖြစ်ချင်မိတယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now