Chapter 11

4.9K 939 26
                                    


Chapter 11 : ခွေးဘဝ၏ ပထမဆုံးကား

လုချန်ဟဲက ပူတင်းလေးရဲ့ခြေထောက်တွေကို
မလျှောကျအောင် ဗိုက်ကိုလက်ဖဝါးထဲမှာပိုက်ပြီး
ချီထားလိုက်တယ်။

ပူတင်းလေးရဲ့မျက်လုံးတွေက အထုတ်ဆီကနေ
မခွာနိုင်တာကြောင့် အိမ်တော်ထိန်းကို အချက်ပြပြီးဖွင့်ခိုင်းလိုက်လေတယ်။

အလွှာတစ်ခုချင်းစီကိုဖွင့်ပြီးတဲ့နောက် ချော့မွတ်တဲ့ပုံစံရှိတဲ့ အနီရောင်တောက်တောက် lamborghini ကားအသစ်စက်စက်ကို
တွေ့လိုက်ရလေတော့တယ်။
တော်တော်လဲဈေးကြီးမဲ့ပုံပေါ် ပြီး လူတိုင်းရဲ့မျက်လုံးတွေက အံ့သြသွားစေနိုင်လောက်တယ်။

ကားကတော့ ခါတိုင်းတွေ့နေကြနဲ့မတူဘဲ
နည်းနည်းသေးတယ်...
ဘေးမှာရှိတဲ့အိမ်တော်ထိန်းကတော့

"ဒီမနက်သခင်လေးပြေးတုန်းက
မဒမ်ဖုန်းခေါ်တယ်ဗျ...။
ပြီးတော့ ပူတင်းလေး ကားမောင်းနေတဲ့ video
ကိုပို့ပေးလိုက်ပါ လို့ပြောပါတယ်...
နောက်ပြီးသခင်လေးက မဒမ်ကို video call ခေါ်ရင်
ပူတင်းလေးနဲ့အတူရှိနေတဲ့အချိန် ခေါ်ပါလို့မှာလိုက်ပါတယ်။"

ဒီအချိန်မှာဘဲ ပူတင်းလေးရဲ့ပါးစပ်ကိုသုတ်ပေးနေတဲ့ လုချန်ဟဲကခဏရပ်လိုက်ကာ...
"အင်း " လို့ပြောပြီး
သူ နားလည်တဲ့ပုံစံကိုပြလိုက်တယ်။

ဒါပေမဲ့လဲ သူ့မှာ အဲ့လိုခေါ် ဖို့ အချိန်မရှိဘူး။
အကယ်၍ခေါ် ဖြစ်ရင်လဲ ပူတင်းလေးအိပ်သွားတဲ့ အချိန်မှပဲ
ခေါ် နိုင်တယ်။ ဘယ်လိုကိစ္စမျိုးမဆို
အသေးလေးကအစထဲက ပျင်းတာမလို့
တစ်နေ့လုံးကိုအိပ်နေတာ။

အိမ်တော်ထိန်းကသခင်လေး ဘာတွေတွေးနေတာလဲဆိုတာ မခန့်မှန်းတတ်ဘူး။ သခင်လေးပြောတာလဲကြားပြီးရော remote control ကို
သခင်လေးဆီ ပေးလိုက်တယ်။

"မဒမ်က ပူတင်းလေးကို အိမ်ခေါ် လာပြီးတဲ့နောက်ပိုင်း သူ့စိတ်ကြိုက်လုပ်ခဲ့တာပါ။
ကားမော်ဒယ်ရဲ့အတွင်းပိုင်းကို
ကောင်းအောင်လုပ်ထားပြီး အပြင်ပိုင်းကိုတကယ့်ကားအစစ်တိုင်း လုပ်ထားတာဗျ..."

ကားကိုမျက်လုံးပြူးပြီးကြည့်နေတဲ့
ပူတင်းလေးကို လုချန်ဟဲက ကားထဲမှာဝင်ကြည့်ခိုင်းလိုက်တယ်။ အရုပ်ကားဖြစ်ပေမဲ့လဲ နည်းပညာနဲ့ပစ္စည်းတွေကတော့ တကယ့်ကားအတိုင်းပဲ
ဖြစ်တယ်။ ကားထုတ်တဲ့စက်ရုံစီကနေ တိုက်ရိုက်လာတာနဲ့တူတယ်။ မော်ဒယ်ကလဲ
တခြားကားတွေနဲ့မတူတာကြောင့် လုပ်အားတော်တော်စိုက်ထုတ်ရမယ်။ လုမိသားစုက ဒီလိုကားမျိုးကို ပထမဆုံးမှာဖူးတာမဟုတ်ဘူး။ လုမိသားစုမှာရှိတဲ့ကလေးတိုင်းက ဒီလိုကားမျိုးကို
စီးဖူးကြတာကြီးပဲ။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now