Chapter 59 (part 2)

2.7K 544 8
                                    

Chapter 59 (part 2)

လုချန်ဟန် ရုတ်တရက်စိတ်ရှုပ်ထွေးသွားတယ်။
သူ့ကိုခေါ်တာ ဒီစကားပြောဖို့အတွက်လား?
ဒီအကြောင်းကိုကိစ္စကြီးတစ်ခုလိုမျိုးပြောနေတဲ့
သူ့အစ်ကိုကိုလဲ တကယ်ကိုကျေးဇူးတင်ပါတယ်...။
သူ့အစ်ကို၂ရဲ့စိတ်ဝိညာဉ်ကအတော်လေးပင်ပန်းနေပုံပဲ ဟုတ်တယ်မလား?

" အစ်ကို..တကယ်ကြီးပြောနေတာလား?"

"မင်းဘာကိုပြောတာလဲ?"

လုချန်ဟန် အသက်ကိုဝအောင်ရှုသွင်းလိုက်ပြီး
ရယ်ရင်းပြောလိုက်တယ်။

" ဘိုးဘေးလေး...
မင်းမကြိုက်ဘူးဆိုတော့လဲ ငါခွေးမလေး
မရှာပေးတော့ပါဘူး..မင်းဘာလိုချင်လဲ ကောင်းကင်ပေါ်ကကြယ်ကိုယူပေးရမလား..."

ကျောက်နင်း နှာတစ်ချက်မှုတ်ပြီး
သူ့ကိုလျစ်လျူရှု့လိုက်တယ်။

ပူတင်းလေးရဲ့အမူအယာကိုမြင်လိုက်ရတာကြောင့် လုချန်ဟန်မျက်လုံးပြူးသွားပြီး သူ့အစ်ကိုကိုကြည့်လိုက်တော့တယ်။

"အစ်ကို၂...
အစ်ကိုမွေးထားတာက ခွေးဆိုတာ သေချာရဲ့လား?
သူကတကယ်ထူးခြားတာပဲ.."

သူက နတ်သားပေါက်စလေးကိုမွေးထားမိတာ
မဟုတ်လား..။ လုချန်ဟဲ ပူတင်းလေးရဲ့ခေါင်းလေးကိုပွတ်သပ်ပေးလိုက်ရင်း ဘေးကမဂ္ဂဇင်းစာအုပ်ကိုယူလိုက်ပြီး လုချန်ဟန်ရဲ့အရှေ့ကိုပစ်ပေးလိုက်တယ်။

" အဲဒီ့တစ်set. ..
တောင်းပန်တဲ့လက်ဆောင်အနေနဲ့ဝယ်လိုက်.."

လုချန်ဟန် မဂ္ဂဇင်းကိုကောက်ယူပြီးကြည့်လိုက်တယ်။ အဲဒီ့နောက်မှာတော့ သူအနည်းငယ်တုန်လှုပ်သွားတယ်။

" အစ်ကို...ဒီပစ္စည်းကိုပူတင်းလေးကို
ဝယ်ပေးရမယ်လို့ပြောတာတော့ မဟုတ်ဘူးမလား?"

လုချန်ဟဲရဲ့မျက်ခုံးတွေမြင့်တက်သွားတယ်။

" မဝယ်ပေးချင်ဘူးလား?"

လုချန်ဟန် ချက်ချင်းပြန်ဖြေလိုက်တယ်။

" ဝယ်ပေးမယ်..ဝယ်ပေးမှာပေါ့...
ကျွန်တော်မနက်ဖြန်အရောက်ပို့လိုက်ပါ့မယ်!
ဒီVRစက်တစ်setမလား..အဲ့တာကဈေးပေါပါတယ်... 200,000လောက်ဆိုရင်
စက်ကောင်းကောင်းတစ်လုံးရပါတယ်.."

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now