Chapter 30

3.8K 787 15
                                    

Chapter 30: အမှောင်ခန်းလေးထဲတွင် ပိတ်ထားခြင်း

အစက, အမေလု ပြန်လာပြီးရင်...
အရာအားလုံးက
ပြောင်းပြန်လှန်ခံရသလို သူ့ကိုယ်ပိုင်ဘဝလေးက
လုံးဝပြောင်းလဲသွားမှာလို့ သူ တွေးမိတယ်။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့, သူ့နေ့ရက်တွေက အရင်ကထက်
ပိုကောင်းလာတာပဲ! လုချန်ဟဲက သူ့ကို ဘယ်တော့မှ အဝေးကို မပို့ဘူးဆိုတာ သူ သိတယ်လေ!

ဒါကြောင့် အမေလု
သူ့ကို ကစားဖို့အတွက် ခေါ်သွားတဲ့ နေ့တွေမှာဆိုရင်,
ကျောက်နင်း လိုက်သွားလိုက်တယ်....။ လုချန်ဟဲ အိမ်ပြန်လာခါနီးပြီဆိုရင်, သူ့ဘာသာ ပြန်ပြေးသွားတယ်။ တကယ့်ကို, သူ ဒီခြံဝန်းထဲမှာ ဘယ်လောက်ပဲ ပြေးလွှားနေပါစေ...,
သူ လမ်း မပျောက်ဘူးလေ...။

အရေးကြီးတဲ့အရာက အမေလု သူ့အပေါ်ကို ခုခံနိုင်စွမ်းက Zeroပဲ။ သူက ဟိုးအရင်ထဲက တစ်ခုခုကို
စိတ်အားထက်ထက်သန်သန် ကြည့်တတ်နေရင်...
အသားချောင်းတွေ ...cheese ချောင်း တွေ...
ကိတ်သေးသေးလေးတွေ...အမေလုက
ကန့်သတ်ထားတဲ့ဟာမှန်သမျှကို
ချကျွေးတယ်!

ပျော်ရွင်တဲ့နေ့ရက်တွေရဲ့ အဖိုးအခကတော့, သူ လုချန်ဟဲနဲ့အတူတူ မနက်ခင်းတိုင်းမှာ လိုက်ပြေးရင်တောင်,
သူ့ခန္ဓာကိုယ်အလေးချိန်က မတရားမြင့်နေတုန်းပဲ!

လုချန်ဟဲရဲ့စိတ်အနှောင့်အယှက်ဖြစ်နေတဲ့ မျက်နှာအမူအရာကို မြင်လိုက်တော့, ကျောက်နင်း ခန္ဓာကိုယ်လေးကို အနည်းငယ် ရွေ့လျားလိုက်တယ်။ သူ့မြင်ကွင်းအရှေ့တည့်တည့်ကို ကြည့်ပြီး
အဝေးကို ပြေးရမယ်လို့တောင် ခံစားနေရတယ်။

သို့ပေမဲ့လည်း, လုချန်ဟဲက လုံးဝ ရှင်းရှင်းလင်းလင်း သူ့ကို ထွက်ပြေးခွင့်မပေးခဲ့ဘူး။ သူက
သူ့လက်နှစ်ချောင်းကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားပြီး , မျက်နှာချင်းဆိုင်ဖို့ ဖိအားပေးနေတယ်...။

"တစ်ပတ်လောက်လေးနဲ့, မင်း ပိုပြီးတောင် ဝလာတယ်ပေါ့လေ...
အခု မင်း ဝိတ် ဘယ်လောက်ရှိလဲဆိုတာ သိချင်လား?!"

ကျောက်နင်း မကျေမနပ် ပြောလိုက်တယ်...။

"ဝုတ်!"
ငါ နေ့တိုင်း လေ့ကျင့်ခန်း လုပ်ပါတယ်ဆိုနေမှ!

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now