Chapter 56 (part1)

2.8K 552 10
                                    

Chapter - 56 (part 1)

ဝမ်ထျင်း လုမိသားစုအိမ်ကအစေခံတွေဆီက အလျင်စလိုပြုလုပ်ဖို့တိုက်တွန်းခံရတာက ဒါပထမဆုံးအကြိမ်ပဲဖြစ်တယ်။ အဲ့တာကြောင့် လုချန်ဟဲက
ခွေးတစ်ကောင်အတွက် အမြဲပြဿနာရှာတတ်တဲ့သူလို့ သူ ခံစားလာမိတော့တယ်။

အဲဒီ့အိမ်ရဲ့အရူးခွေးလေးသုံးကောင်က အမြဲအလျင်လိုနေတတ်တဲ့ အဲဒီ့အိမ်ရဲ့သခင်တွေပဲဖြစ်တယ်။ လုမိသားစုက အမြဲအလျင်လိုတတ်တယ်ဆိုတာကို သူ
မသိခဲ့ပေမယ့် အကြိမ်တိုင်းမှာသူတို့က
သူ့ကိုနှိပ်စက်ချင်နေပုံပေါ်လေတယ်။

လုချန်ဟဲရဲ့အကျပ်ကိုင်ခြိမ်းခြောက်နေတဲ့အကြည့်အောက်မှာပဲ စစ်ဆေးမှု့ရလဒ်ကထွက်လာတယ်။
ဝမ်ထျင်းက စာရွက်ကိုစစ်ဆေးကြည့်ပြီး
ပြောလိုက်တယ်။

" မစ္စတာလု စိတ်လျှော့ပါ...
ပူတင်းလေးကကျန်းမာပါတယ်..။
သူ့ခန္ဓာကိုယ်အခြေအနေတွေက
အကုန်ကောင်းတယ်..ပြီးတော့ သူ့ရဲ့အစာအိမ်နဲ့သရက်ရွက်ကလည်း အကုန်အဆင်ပြေပါတယ်..။
ကြည့်ရတာ ပူတင်းလေးက
လေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ပုံပဲ...
အဲဒီ့အတိုင်းပဲဆက်လုပ်လို့ရပါတယ်.."

ကျောက်နင်း လုချန်ဟဲကိုကြည့်လိုက်တယ်။

ကြည့်ပါလား...
ငါအကုန်အဆင်ပြေပါတယ်ဆိုနေ....
သက်သက်မဲ့သွေးစစ်ဖို့ အပ်နဲ့အထိုးခံလိုက်ရတာပဲအဖက်တင်တယ်..။

လုချန်ဟဲ ပူတင်းလေးကို'မင်းအခန်းထဲပြန်နှင့် ပြီးမှမင်းနဲ့ငါစာရင်းရှင်းမယ်'ဆိုတဲ့ အေးစက်စက်အကြည့်နဲ့ကြည့်လိုက်တယ်။

အဲဒီ့နောက်သူကထရပ်လိုက်ပြီး ဝမ်ထျင်းကို
ပြောလိုက်တယ်။

"ဒေါက်တာဝမ်ကို
အနှောင့်အယှက်ပေးမိသွားပြီ.. ပြီးရင်
ကျွန်တော့်ရဲ့တခြားခွေးနှစ်ကောင်ကိုပါ
စစ်ဆေးပေးပါအုံး..."

ဝမ်ထျင်းခေါင်းငြိမ့်လိုက်တယ်။ အဲဒီ့နောက် လုချန်ဟဲကပူတင်းလေးကိုသယ်ပြီး ထွက်သွားတာကိုမြင်လိုက်ရတယ်။ အစေခံလေးတွေက အနည်းငယ်အကောင်ကြီးတဲ့ အနက်ရောက်ခွေးနှစ်ကောင်ကိုခေါ်လာတဲ့အချိန်မှာတော့ သူတို့လူစိမ်းအပေါ်ကြောက်ရွံ့မှု့လျော့နည်းသွားအောင်လို့ ဝမ်ထျင်း
သူတို့ကိုခပ်ဖွဖွပွတ်သပ်ပေးလိုက်တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now