Chapter 72
သူ့ရှေ့မှာရှိနေတဲ့ စာအိတ်အနီရောင်အပုံကြီးကို
ကြည့်ရင်း လုချန်ဟဲလက်အပြည့်နဲ့
ကောက်ယူလိုက်တယ်... အထဲမှာ
ငွေတစ်သောင်းစီလောက်တော့ပါမယ်ထင်တယ်။ တခြားတစ်ဖက်ကိုထပ် ကြည့်လိုက်တော့
အားလုံးပြည့်ဖောင်းနေတဲ့
အနီရောင်စာအိတ်တွေချည်းပဲ။ တခြား စာအိတ်အပါးသေးသေးလေး တွေမှာလဲ သောင်းဂဏန်းလောက်အထိပါမယ်ထင်တယ်။ အားလုံးကို
အကြမ်းဖျင်းတွက်ကြည့်လိုက်ရင်တော့
သိန်းဂဏန်းနီးပါးလောက်ရှိမယ်။အနီရောင်စာအိတ်တွေရဲ့ရှေ့မှာထိုင်နေတဲ့ပူတင်းလေးကိုကြည့်ပြီးမျက်ခုံးပင့်ကာ...
"ငါ မင်းအတွက်သိမ်းပေးထားမယ်...
မင်း အနာဂတ်မှာ ဘာဝယ်ချင်လဲ?"ကျောက်နင်းကတော့....
"ဝုတ်"
"ငါနှစ်ခါဆုံးရှုံးဖူးရင်သတိထားရမယ်လေ။
ဒါပေမဲ့အရင်ကပုံစံမျိုးနှစ်ခါပြန်ပြီးညံလို့မဖြစ်ဘူး။"လုချန်ဟဲက ရယ်လိုက်ပြီး....
"မင်း ဒီအနီရောင်စာအိတ်တွေရဲ့
တစ်ဝက်လောက်ကို ငါ့ကိုထုတ်ပေး...
ငါ မင်းအတွက်သိမ်းပေးမယ်လေ...
ပြီးရင် ငါက မင်းကိုမုန့်ဖိုးနည်းနည်းစီပေးမှာပေါ့...
ငါပေးမဲ့ပိုက်ဆံကို မင်းရဲ့ကိုယ်ပိုင်ဘဏ်တိုက်ထဲမှာသိမ်းလေ...
မင်းရဲ့ပေသီးတွက်ခုံလေးက ကောင်းတဲ့ကစားနည်းပဲ"ကျောက်နင်း လုချန်ဟဲရဲ့ခန္ဓာကိုယ်ပေါ်
ပစ်ဝင်လိုက်ပြီး သူ့ရဲ့တင်ပါးမှာရှိတဲ့အမြှီးလေးကရှေ့နောက်လှုပ်ရမ်းကာ လုချန်ဟဲကို
မော့ကြည့်လိုက်တယ်။"ဝုတ် ဝုတ် ဝုတ်!"
"ဘယ်သူက အိမ်ထဲမှာပဲနေရပြီး ဘယ်သူ့စီမှာပေသီးတွက်ခုံလေးမရှိတာလဲ။ ဘယ်လိုလူကြီးက
ငါ့ရဲ့ကိုယ်ပိုင်ငွေတွေကိုတောင် မဖွက်နိုင်ရတာတုန်း?"လုချန်ဟဲက အသေးလေးကို ကြည့် လိုက်ပြီး...
"ငါက ဘာကြောင့် မင်းကိုသိမ်းပေးထားရမှာလဲ?
မင်းရဲ့ဘဏ္ဍာထိန်းဖြစ်နေရတုန်းပဲလား? "ကျောက်နင်းအဲ့အကြောင်းကိုစဉ်းစားလိုက်ပြီး ခြေဖဝါးနှစ်ဖက်ကိုခေါင်းပေါ်တင်ရင်း လုချန်ဟဲကို
အချစ်မျက်ဝန်းတွေနဲ့ကြည့်ကာ....