Chapter 49

3.4K 561 9
                                    

Chapter 49

ပထမ ဦး ဆုံးအကြိမ် ကိုယ်ပိုင်လေယာဥ်ကို စီးပြီး ပျံသန်းဖူးတဲ့ ကျောက်နင်းက ဘေးပတ်ပတ်လည်ကို စပ်စပ်စုစုကို လိုက်ကြည့်နေတယ်...။ အမှန်တကယ်က... , သူ တစ်ခါပဲ စီးခဲ့ဖူးတယ်...။ သူ သူ့မိဘတွေနဲ့အတူတူ, တစ်ကြိမ်တစ်ခါသာ  အိမ်နီးချင်း နယ်ပယ်ဆီကို သွားခဲ့ဖူးတယ်...။ မူလ, ဒီဘဝတစ်သက်သာမှာ, သူ လုံးဝ လုချန်ဟဲနဲ့အတူတူ ခရီးဝေးသွားဖို့ အခွင့်အရေး
မရနိုင်တော့ဘူးလို့ တွေးခဲ့မိတာ...။ ဒါပေမဲ့,သူ
မမျှော်လင့်ခဲ့မိတာက...လုချန်ဟဲက သူ့ကို ခေါ်သွားဖို့အတွက်နဲ့ ကိုယ်ပိုင်လေယာဥ်ကို ဝယ်ယူဖို့ ရွေးချယ်ခဲ့တာကိုပဲ...။

သူ့ရဲ့ မတည်မငြိမ်နဲ့ ပရမ်းပတာဖြစ်နေတာကို မြင်တော့, လုချန်ဟဲက သူ့ကို ထိုင်ခုံပေါ်ကို တိုက်ရိုက် ပွေ့ချီလိုက်ကာ, ခွေးအတွက် အထူးသီးသန့်လုပ်ပေးထားတဲ့ ခါးပတ်ကို ပတ်ပေးလိုက်တယ်။

" ငြိမ်ငြိမ်နေ...
မင်း မလိမ်မာရင် ဒီကနေ အဝေးကို လွှတ်ပစ်လိုက်ရုံပဲ..."

ကျောက်နင်း ခေါင်းကို လှုပ်ရမ်းလိုက်ပြီး၊ ပါးစပ်လေးပိတ်ကာ တေးညည်းလိုက်တယ်...။
ကလေးလေးကို လာဖြီးဖြန်းနေပြန်ပါပြီကွာ...။
လေပေါ်တောင် ပျံနေပြီကို..., ငါ့ကို ပစ်ချဖို့ အောက်ပြန်ဆင်းမှပဲ ရမယ်...။ ဘယ်သူက ဒါကို ယုံမှာလဲ....။
လေယာဥ်တစ်ခါမှ မစီးဖူးတဲ့သူလို့များ ထင်နေလား....။

ကိုယ်ပိုင်လေယာဥ်ပေါ်က အနေအထားက အရမ်းကို ရှင်းတယ်။ သက်တော်စောင့်အသီးသီးက အရှေ့ခုံမှာ ထိုင်နေကြတယ်။ လုချန်ဟဲက နောက်ကျောမှီ ဆိုဖာပေါ်မှာ ထိုင်နေတယ်။ ကြည့်ရတာ အပေါ်ထပ်မှာ အထူးအိပ်ခန်း ရှိပုံရတယ်။ တကယ်လို့ ခရီးကသာ အရမ်းရှည်တယ်ဆိုရင်, မင်း သက်တောင့်သက်သာ အိပ်လို့ရတယ်....။ မိုက်တယ်။

ကျောက်နင်း လေယာဥ်ပေါ်မှာ ရှိတဲ့ အိပ်ခန်းကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး....။ သူ တကယ် ထပြီး ဒါကို သွားကြည့်ချင်နေပေမဲ့, လုချန်ဟဲက သူ့ကို အရမ်းတင်းတင်းကြပ်ကြပ် လိုက်ကြည့်နေတာကြောင့် လွတ်လွတ်လပ်လပ်ကြည့်ဖို့ လက်လျှော့လိုက်ရတော့တယ် ။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now