Chapter 24: ရှက်စရာကောင်းတဲ့
မျောက်မျက်နှာလို ပြောင်းလဲသွားရင်...ရုပ်ရှင်ရိုက်ရတာ
သူထင်ထားသလိုမျိုးစိတ်ဝင်စားစရာလဲ
မကောင်းဘူး။ အရင်ကကြားဖူးတဲ့သတင်းတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်လုံးဝကိုခြောက်သွေ့၊ ထိုင်းမှိုင်းပြီးအဆင်မပြေဖြစ်စေတယ်။ ဒါပေမဲ့လဲ...
အရမ်းအဆင်ပြေတာတစ်ခုက ချောမောခန့်ညားတဲ့ကောင်လေးတစ်ယောက်လိုမတ်တပ်ရပ်ပြီး
poseပေးရုံပဲ။
ရိုက်ကူးတဲ့နေရာကနေ ရိုက်ရမှာတော့
တစ်ခြားလူတွေရဲ့အလုပ်...အရေးကြီးဆုံးအချက်ကတော့ အကယ်၍ သူသာဆိုးဆိုးရွားရွားလုပ်မိမယ်ဆိုရင် အဆူခံရမဲ့အစား...
လူတွေ လှောင်ပြီးရယ်တာကိုပဲခံရမှာ...။ ခါးခါးသီးသီး
အဆူခံနေရပြီး...အတူသရုပ်ဆောင်တဲ့မင်းသားတွေထက်စာရင် ကျောက်နင်းကပိုပျော်ဖို့ကောင်းပါသေးတယ်လေ...။ခွေးတွေနဲ့ရိုက်ကူးရေးလုပ်ရင်
အခက်အခဲဖြစ်တာကြောင့်
ခွေးတွေက လူတွေရဲ့စကားကို နားမလည်တဲ့အတွက် သေချာပူးပေါင်းဖို့တော့လိုမယ်။
ဒါပေမဲ့ ခွေးတွေက
သရုပ်မဆောင်တတ်တာကြောင့်
ရိုက်ပြီးသားအခန်းတွေကို
သူတို့အနေနဲ့ပြန်ပြီးတည်းဖြတ်ဖို့လည်း
လိုသေးတယ်။
ဇာတ်ကွက်တော်တော်များများမှာ မင်းသားတွေက သူတို့ကျွမ်းကျင်တဲ့သရုပ်ဆောင်မှုကို သူတို့ရဲ့ရှေ့မှာဘာမှာမရှိတာတောင် လေ့ကျင့်နေတာကိုကြည့်နေတဲ့လူတွေလဲရှိတော့...
ရှက်စရာကောင်းတယ်လို့မြင်တယ်။ အစကတည်းက
ဒါရိုက်တာက အခြေအနေဆိုးဆိုးရွားဖြစ်မယ်လို့မျှော်လင့်ထားပုံနေတယ်။
ဒါပေမဲ့...သူရိုက်ကူးလိုက်တဲ့အခါမှာတော့ ထင်ထားတာထက်ပိုပြီးဆိုးရွားနေတာကိုတွေ့လိုက်ရတယ်။ဒါကြောင့်...
" Fuck you ! မင်းဘယ်ကိုကြည့်နေတာလဲ?
ဘယ်လိုသရုပ်ဆောင်ရလဲဆိုတာတောင်
မသိဘူးလား?
ခွေးသရုပ်ဆောင်တာတောင်
မင်းထက်ပိုကောင်းတယ် !
မင်းရမဲ့အမွေကိုဆက်ခံနိုင်ဖို့ကြိုးစားရမှာလေ။
မင်းအဖေကိုသတ်တဲ့သူကိုလက်စားချေရမှာမဟုတ်ဘူးလား ? သရုပ်ဆောင်ဖို့ဘာတွေလိုအပ်လဲဆိုတာ
ပူတင်းလေးဆီက ပြန်သင်ဦးမလား? "