Chapter 35(part 2)

3.7K 773 22
                                    

Chapter 35 (Part 2)

[ လျှာနဲ့နှစ်ကြိမ်လျှက်လိုက်ရတဲ့အချိန် ] ဆိုးသွမ်းတဲ့ခွေးလေးအဖြစ်ကနေ မင်းသားလေးအဖြစ်ကိုပြောင်းလဲသွားခြင်း

သူတို့ကားပေါ်မတက်ရသေးခင်အချိန်မှာပဲ ပူတင်းလေးက လုချန်ဟဲရဲ့ဝမ်းဗိုက်ကို သူ့လက်လေးနဲ့ပုတ်လိုက်တော့တယ်။

" အာဝူး..."
ဒီအင်္ကျီက ခုနက ငါ ညစ်ပတ်အောင်လုပ်ခဲ့တဲ့
အင်္ကျီမဟုတ်တာတောင် မင်းကမင်းသဘောနဲ့မင်း
ငါ့ဆီလာပြီးဖက်ထားပေးခဲ့တာလား..။

လုချန်ဟဲ သူ့လက်လေးကိုဖြစ်ညှစ်လိုက်တော့တယ်။ ပူတင်းလေးရဲ့ အခြားတစ်ဖက်ထပ် ပိုပြီးညစ်ပတ်နေတဲ့လက်ဖဝါးလေးက နီရဲနေလေတယ်။ အဲ့ဒါက သူမြေကြီးကိုတူးဆွနေတဲ့အချိန်တုန်းက ကျောက်သားတွေ၊ အုတ်ခဲကျိုးတွေနဲ့ခြစ်မိပြီး ထိခိုက်သွားခဲ့တာဖြစ်နိုင်လေတယ်။ ပူတင်းလေးက အိမ်မှာအမြဲလျှောက်ပြေးနေတတ်တာကြောင့် ခြံဝင်းထဲကမြက်ခင်းပြင်ပေါ်မှာရှိနေတဲ့ ကျောက်ခဲအစအနတွေအကုန်လုံးကို လုချန်ဟဲ အစကတည်းက ဖယ်ရှားခိုင်းထားခဲ့တာဖြစ်တယ်။ ဒါပေမယ့် ရုပ်ရှင်ရိုက်နေတဲ့အချိန်မှာ အခုလိုထိခိုက်သွားတာကို မြင်လိုက်ရတဲ့အချိန်မှာတော့ လုချန်ဟဲစိတ်ထဲမှာ အတော်လေးမသက်မသာခံစားလိုက်ရလေတယ်။

အဲ့ဒါကြောင့် သူ့ကိုယ်ပေါ်မှာလှဲနေရင်း အရူးလေးလိုမျိုးပြုံးနေတဲ့ ပူတင်းလေးကိုကြည့်ရင်းမေးလိုက်တော့တယ်။

" မင်းရုပ်ရှင်ရိုက်ရတာကိုသဘောကျလား? "

ကျောက်နင်း လုချန်ဟဲကိုမျက်နှာသေနဲ့ ကြည့်လိုက်တော့တယ်။ ဘယ်လိုလုပ် အဲဒီ့လိုမေးခွန်းမျိုးလာမေးနေရတာလဲ? သဘောကျတယ်လို့ပြောတာထက်​... အဆင်ပြေတယ်လို့သုံးနှုန်းသင့်တာဖြစ်တယ်။ သူကရုပ်ရှင်ရိုက်ကူးတာကို အလုပ်တစ်ခုအနေနဲ့ပဲ သဘောထားခဲ့တာဖြစ်ပြီး သူအဲဒီ့မှာရှိနေတဲ့အချိန်မှာ အတင်းအဖျင်းတွေအပြောခံရပေမယ့်လည်း အနုပညာအသိုင်းအဝိုင်းက စိတ်ဝင်စားစရာကောင်းလေတယ်။ တကယ်လို့ သူကသဘောမကျဘူးဆိုရင်လည်း သူ့မှာနေ့တိုင်းလုချန်ဟဲအနားကိုကပ်နေတာကလွဲရင် သူ့မှာအခြားအလုပ်လုပ်စရာမရှိလေဘူး။ ဒါပေမယ့် သူစဉ်းစားကြည့်တော့လည်း ကျောက်နင်းသူ့ကိုယ်သူ ဖိအားပေးနေမိလားဆိုတာကို သူသေချာမသိလေဘူး။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now