Chapter - 71
ကျောက်နင်း Wangcaiကို နောက်တစ်ကြိမ်ထပ်တွေ့ရတဲ့အချိန်မှာ သူက လော့ကျိုရဲ့ခြံဝင်းထဲမှာ
ရှိနေခဲ့တာဖြစ်တယ်။ Wangcaiက ပထမဆုံးစတွေ့ခဲ့တုန်းကပုံစံနဲ့ယှဉ်ရင် ဒီလောက်အချိန်တိုလေးအတွင်းမှာတင် အတော်လေးကောင်းမွန်စွာ စောင့်ရှောက်ခံထားရပုံပေါ်လေတယ်။ အဲဒီ့အကောင်ငယ်လေးက
သူ့ကိုမှတ်မိတာကြောင့် သူ့ကိုမြင်တဲ့အချိန်မှာပဲ သူ့အနားကိုပျော်ရွှင်စွာနဲ့ပြေးလာပြီး သူ့ရဲ့ခန္ဓာကိုယ်ကိုအနံ့ခံနေတော့တယ်။ကျောက်နင်း Wangcaiရဲ့ခေါင်းကို
သူ့လက်လေးနဲ့ပုတ်လိုက်တယ်။"Hi brother..နေရတာအဆင်ပြေရဲ့လား?"
Wangcaiက စိတ်လှုပ်ရှားစွာနဲ့ သူ့ကိုထိတွေ့ချင်နေပုံပေါ်တာကြောင့် ကျောက်နင်း လုချန်ဟဲ
ပေါင်ပေါ်ခုန်တက်လိုက်ပြီး သူ့ကိုငုံ့ကြည့်လိုက်တယ်။"မင်းသခင် အသစ်ရလို့
ပျော်ရွှင်နေတာလား?"Wangcaiက သူစွန့်ပစ်ခံခဲ့ရတယ်ဆိုတာကို
မသိခဲ့လေဘူး။ ကျောက်နင်းက သူ့သခင်ဆီ
ပြန်ပြေးသွာတာကို မြင်လိုက်ရတဲ့အချိန်မှာ သူက မြေပြင်ပေါ်မှာထိုင်ချလိုက်ပြီး သူ့ကိုမော့ကြည့်ကာ
ပြောလိုက်တယ်။" ပျော်တယ်..ငါ့ရဲ့သခင်က
ငါ့အပေါ် နေ့တိုင်း ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်..ပြီးတော့ စားကောင်းတဲ့အသားတွေနဲ့အရိုးတွေလည်းအများကြီးကျွေးတယ်..။ ငါဖွက်ထားတာတွေအများကြီးရှိတယ်..နောက်ကြရင်ငါမင်းအတွက်အဲ့တာတွေကိုပြန်တူးပေးမယ်.."ကျောက်နင်း မတတ်နိုင်ဘဲ
မျက်ခုံးပင့်လိုက်မိတော့တယ်။"နေပါစေ..အဲ့တာတွေကိုမင်းဘာသာမင်းပဲသိမ်းထားပါ..။ တကယ်လို့ မင်းရဲ့ဘဝအသစ်အတွက် မင်း
မှာမေးစရာမေးခွန်းတွေရှိလာခဲ့ရင် ငါ့ဆီကို
လာမေးလို့ရတယ်..ငါမင်းကိုအဲဒါတွေအတွက်
ကူညီပေးနိုင်တယ်..။ နောက်ပြီး မင်းရဲ့သခင်
မင်းကိုပိုပြီးချစ်လာအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်းငါသင်ပေးနိုင်တယ်.."Wangcaiက စိတ်ရှုပ်ထွေးစွာနဲ့
ခေါင်းစောင်းပြီးကြည့်လိုက်တယ်။