Chapter 50

3.2K 643 15
                                    

Chapter - 50

သူ့မျက်နှာတစ်ခုလုံး ရေအေးတွေအပြည့်ဖြစ်သွားတဲ့အချိန်မှာတော့ ကျောက်နင်းသူ့နှလုံးခုန်သံကို သေချာပြန်ကြားနေရပြီး သူ့ရင်ဘတ်ကပြင်းထန်တဲ့သွေးခုန်နှုန်းကိုလည်း ခံစားလိုက်ရတယ်။ သူကရေအရမ်းနက်တဲ့ မြစ်ထဲကိုကျသွားခဲ့သလိုမျိုး ဘယ်လောက်ပဲရုန်းကန်နေပါစေ အချည်းနှီးပဲဖြစ်နေလေတယ်။ အဲဒီ့နောက်မှာတော့ သူတဖြည်းဖြည်းနစ်မြုပ်ပြီး အမှောင်ထုထဲကိုရောက်သွားလေတော့တယ်။

သူဆီကို ခြေတံတိုလေးတွေနဲ့ပြေးလာနေတဲ့ ပူတင်းလေးကိုမြင်လိုက်ရတာကြောင့် လုချန်ဟဲ မနေနိုင်ဘဲ
ရယ်လိုက်မိတော့တယ်။ အဲဒီ့အချိန်မှာပဲ ပူတင်းလေးကရေထဲကိုကျသွားလေတယ်။ ပူတင်းလေးရေကြိုက်တာကို သူသိပြီးသားဖြစ်တယ်။ သူရေချိုးကန်ထဲမှာစိမ်နေတဲ့အချိန်မှာတောင် ပူတင်းလေးကဝင်လာပြီး ဆော့ကစားတတ်တာဖြစ်တယ်။ အဲ့တာကြောင့် သူတို့
ထမင်းမစားခင်ပူတင်းလေးကို အရင်ဆုံးရေခြောက်အောင်dryerနဲ့မှုတ်ပေးမှဖြစ်မယ်လို့ လုချန်ဟဲတွေးလိုက်လေတယ်။

ဒါပေမယ့် ပူတင်းလေးက သူတွေးထားခဲ့သလိုမျိုး သူ့ဆီကိုရေကူးမလာလေဘူး။ အဲဒီ့အစား သူကတစ်ချက်နှစ်ချက်သာရုန်းကန်ပြီး ရေအောက်ကိုနစ်သွားလေတော့တယ်။

လုချန်ဟဲ အကြည့်တွေက ချက်ချင်းပြောင်းလဲသွားပြီး သူ့ဘေးက သက်တော်စောင့်တွေ ဘာမှမလုပ်ရသေးခင်အချိန်မှာပဲ သူချက်ချင်းရေကန်ထဲကိုခုန်ဆင်းသွားပြီး ပူတင်းလေးကို ပြန်သယ်လာတော့တယ်။ အဲ့တာက စက္ကန့်အများကြီးမကြာလိုက်ပေမယ့်လည်း ပူတင်းလေးကရေတွေကိုပြန်အန်ထုတ်တာမျိုးလည်းမရှိဘဲ လုံးဝကိုငြိမ်သက်နေလေတော့တယ်။

လုချန်ဟဲ ပူတင်းလေးရေတွေပြန်အန်ထွက်လာအောင် အနည်းငယ်မ,ပြီးကျောကိုဖိနှိပ်ပေးနေလေတယ်။ ချီဝေက အနောက်ကသက်တော်စောင့်တွေကိုပြောလိုက်တယ်။

" တိရစ္ဆာန်ဆရာဝန်သွားခေါ်....
ဒီကျွန်းပေါ်မှာတိရစ္ဆာန်ဆရာဝန်မရှိဘူးဆိုရင်လည်း ဆရာဝန်တစ်ယောက်ရှာလာခဲ့..မြန်မြန်လုပ်.."

သူတို့bossဘယ်လောက်အထိစိုးရိမ်နေတယ်ဆိုတာကို သက်တော်စောင့်တွေအကုန်လုံးမြင်လိုက်ရတာကြောင့် သူ့တို့ဆရာဝန်ကိုမြန်မြန်ရှာဖို့ ထွက်သွားကြတော့တယ်။

ပူတင်းလေးရဲ့ နေ့စဥ်ဘဝ (ဘာသာပြန်) book 1Where stories live. Discover now