87 (z+u)

3.4K 395 5
                                    

အခန်း ( ၈၇ ) ငိုကြွေးသော

"ထွက်သွားစမ်း"

လို့အော်ရင် အခန်းထဲကထိုလူကို ကြွေခွက်ဖြူတစ်လုံး နဲ့ပစ်ပေါက်လိုက်တယ်။ ကြိုသိနေတဲ့ထိုလူက ခွက်ကိုလှမ်းဖမ်းလိုက်ပေမယ့် ပစ်လိုက်တဲ့အားက ပြင်းတော့ နောက်ကိုခြေလှမ်းနည်းနည်းယိုင်သွားတယ်။ ခြေထောက်တွေပါထုံသွားတဲ့အဖြစ်။ သူ့အကြံစည်တွေကို ဖျက်ပြီး သူ့ကိုလာလှောင်တဲ့ထိုလူကြောင့် အိုးရန် ထိန်းမနိုင် သိမ်းမရ ဒေါသထွက်နေတော့တယ်။

"အိုးရန်-မင်းချစ်သူရှိနေလို့ ငါမင်းကိုထပ်မနှောက်ယှက်တော့ပါဘူး။ မနက်ဖြန်မှ တွေ့ကြတာပေါ့။"

ထိုလူက မခံချင်အောင်ထပ်စလိုက်ပြီးတော့ ထွက်သွားတယ်။
သူ့သူငယ်ချင်းက သူငယ်ချင်းထက် သူ့အချစ်ရေးကို ပိုပြီးအာရုံစိုက်လာကတည်းက သူ့အချိန်တွေကို တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းခဲ့ရတာ။

လမ်းလျှောက်သွားတဲ့ ခြေသခပ်ဖွဖွကို ကြားမှ အိုးရန် မျက်နှာက ဒေါသတွေ ပြေလျှော့သွားပြီး မုရုံရွယ် ကို ငုံ့ကြည့်လိုက်တယ်။
သူမကတော့ အိပ်ယာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေရဲ့။
သူမရဲ့ ရှက်သွေးဖျာလို့ နီဖျော့ဖျော့ဖြစ်နေတဲ့ ချစ်စဖွယ်မျက်နှာလေး နဲ့ ပါးပြင်ပေါ်အရိပ်ကြနေတဲ့ တင်းကျပ်ကျပ် ပိတ်ထားတဲ့ မျက်ခွံပေါ်က မျက်တောင်ရှည်ရှည်တွေက အိပ်နေတဲ့ သူမရဲ့ ငြိမ်းချမ်းတဲ့ အသွင်ကို အားဖြည့်ပေးနေသယောင်။
ကြည့်နေရင်း အိုးရန် သူရဲ့ လက်တွေကို သူမရဲ့ အကျီပေါ်ကို တဖြည်းဖြည်းရွှေ့သွားပြီး ဖဲကြိုးကို ညင်ညင်သာသာလေးဆွဲဖြုတ်လိုက်တယ်။
သူမရဲ့ မပေါ့တပေါ ဗိုက်သားလေးနဲ့ နူးညံ့ညံ့အသားရေက သူ့ကို ရူးလောက်အောင် ဖြစ်သွားစေတယ်။ သူမရဲ့လည်တိုင် ဖွေးဖွေး တစ်လျှောက်က သူ့ရဲ့ အချစ်သင်္ကေတ အမှတ်အသားလေးတွေ ကြည့်ရင်း ပီတိတွေနဲ့ ကျေနပ်နေတယ်။ သူမရဲ့ ကိုယ်လုံးလှလှလေးကို စောင်ခြုံပေးလိုက်ပြီး အနားကပ်အိပ်ကာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်တယ်။
သူမရဲ့နူးညံ့တဲ့ အထိအတွေ့မှာ အကျေနပ်ကြီးကျေနပ်နေတဲ့ အိုးရန်တစ်ယောက် မုရုံရွှယ်ကို တိုးတိုးဖက်လို့ သူ့ခေါင်းကိုသူမရဲ့ လည်တိုင်ကြားထဲနှစ်မြှုပ်ထားလိုက်တယ်။ သူရဲ့တစ်ညတာကို သူမရဲ့စွဲမက်ဖွယ်ရနံတွေ လွှမ်းခြုံရင်း ကုန်ဆုံးချင်ပေမယ့် မုရုံရွှယ်ကို သူ့ရဲ့ထာဝရအပိုင်အဖြစ် ပိုင်ဆိုင်တဲ့ဆန္ဒစိတ်ကူးတွေနဲ့ နစ်မျောနေတယ်။ ဒါပေမယ့်သူမက ငယ်လွန်းနေသေးတယ်။ ပြီးတော့သူ့ကိုပြန်မကြိုက်သေးတဲ့အတွက် သူမကိုလည်းမနာကျင်စေချင်ဘူး။
လူနှစ်ယောက်တည်းရှိတဲ့ အခန်းကျယ်ကြီးဟာ တဖြည်းဖြည်း တိတ်ဆိတ်လို့လာတယ်။ ရောင်စုံပြတင်းတံခါးကတဆင့် သူတို့အပေါ် နေချည်နုထွေးထွေးလေးတွေ ကျနေသလို သူ့နှလုံးသားကနေခံစားလိုက်ရတယ်။ ဘာဘဲဖြစ်ဖြစ် ကစဉ့်ကလျားဖြစ်နေတဲ့ ကျန်းအိမ်တော်ထက်စာရင်တော့ ရှောင်းအိမ်တော်က ပိုပြီးအေးချမ်းပါတယ်လေ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now