103: ရန်သူများ တွေ့ဆုံခြင်း

1.6K 188 5
                                    

Zawgyi

စစ်တပ်က ရွှီရှန်းရှူ? အကိုကြီး? ဗိုလ်ချုပ်?

မုရုံရော့ ထိုစကားလုံးများအား ကြားတော့ ကြက်သေသေသွားကာ သူမရှေ့မှ ထိုလူအား မှတ်ဉာဏ်ထဲ ပြန်ပုံဖော်နေမိသည်။

သူ့နာမည်က ရွှီဝမ် ဖြစ်ပြီး ၃၆နှစ်ရှိပြီ ဖြစ်ကာ သူ့ဇနီးက သူမငယ်စဉ်ကတည်းက ထွက်ပြေးသွားခဲ့ပြီးနောက် လက်ရှိတွင် သူ့၌ သားတစ်ယောက်သာ ရှိလေသည်။

သူ့မှာ ဘာကျွမ်းကျင်မှုမှ မရှိဘဲ ဒီဗိုလ်ချုပ်နေရာကို ရဖို့အတွက် အတွင်းလူများကို လာဘ်ထိုးဖို့ ပိုက်ဆံတော်တော်များများ သုံးခဲ့ရလေသည်။

သူ့အိမ်မက်က ငယ်ငယ်ချောချော မိန်းမပျိုလေးနှင့် လက်ထပ်ရဖို့ ဖြစ်ကာ ဒါကို ကြားတဲ့ မြင့်မြတ်တဲ့သူ ချမ်းသာတဲ့လူတိုင်း သူ့အား လှောင်ရယ်ခဲ့ကြလေသည်။

သူမတောင် သူ့ကို လှောင်ရယ်စရာတစ်ခုလို အမြဲကြည့်နေတာဖြစ်သည်။ သူမအတွက် ဒီနေ့မှာ ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ ဘယ်သူသိမှာလဲ ဒါက အရမ်းရယ်စရာကောင်းသည်လေ။

ရွှီဝမ် သူမရဲ့ ပြောစရာစကားမဲ့သွားသော အမူအရာနှင့် သူမမျက်လုံးက လှောင်ရိပ်သမ်းနေတာကို မြင်တော့ ဒေါသထွက်လာကာ
"ခင်ဗျား ဘာတွေ လာရယ်နေတာလဲ"

မုရုံရော့ သူမကိုယ်သူမ ထိန်းလိုက်ကာ ပြန်ပြောလိုက်သည်။
"ရွှီတျန်းရှီ ရှင်က အသက်လေးဆယ်နီးနီးဖြစ်နေပြီ အပြစ်ကင်းတဲ့ မိန်းမပျိုလေးကို ရှင့်မိန်းမအဖြစ် ယူဖို့ မရှာသင့်တော့ဘူး"

ချင်းယွမ်က မိန်းကလေးတွေက ငယ်ရွယ်စဉ်မှာ လက်ထပ်ဖို့ စဉ်းစားရမယ် အသက်နှစ်ဆယ်အောက် မိန်းမပျိုများက သူများဇနီးဖြစ်ရင်ဖြစ် မဟုတ်ရင် မုဆိုးမဖြစ်တာများတယ် သူက နှစ်မျိုးလုံးကို ကြိုက်မှာမဟုတ်ဘူး

"တိုင်ပုရှီတောင် အရင်လကမှ ယူသွားတာမဟုတ်ဘူးလား"
သူ့အသက်ကလဲ တိုင်ပုရှီနီးနီးပါပဲ တိုင်ပုရှီတောင် ယူနိုင်ရင် သူက ဘာလို့မယူနိုင်ရမှာလဲ

မုရုံရော့ အနည်းငယ်ရယ်မောကာ
"သူက အမြင့်ဆုံးနေရာမှာရှိတဲ့ ဗိုလ်ချုပ်ကြီးရှင့် သူ့ဂုဏ်ပုဒ်က အဖိုးတန်တယ် ဒါကြောင့် သူ့ဆီ သူတို့သမီးတွေ ပို့ကြတာပေါ့
ရှင်ကတော့လား ဗိုလ်ချုပ် ရှင်က အရည်အချင်းမရှိဘူး လူအုပ်ကြားထဲ ရှင့်ကို ပစ်ထည့်လိုက်ရင်တောင် ဘယ်သူမှ ရှင့်ကို ကြည့်ကြမှာမဟုတ်ဘူး"
တောင်သူတွေရဲ့ သမီးတွေတောင် သူ့ကို လိုချင်မှာမဟုတ်ဘူး

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now