37

9.5K 1K 24
                                    

၃၇။ တိတ်​တိတ်​ပုန်း ချိန်း​တွေ့

မုရုံရွှယ်​​ခြေလှမ်းအနည်းငယ်​လှမ်းပြီး​နောက်​ ​ခေါင်း​မော့ကြည့်​လိုက်​တယ်​။ သူမ​ရှေ့က ကြီးကြယ်​ခမ်းနားလှတဲ့ရုပ်​ကြွမြနန်း​တော်​ကြီးကို​တွေ့လိုက်​ရတယ်​။ မုဒ်​ဦးထိပ်​မှာ​တော့ "ကျန်းအိမ်​တော်​"ဆိုတဲ့ ​ရွှေ​ရောင်​စာလုံးကြီး​တွေက ​နေ​ရောင်​​ကြောင့်​တလက်​လက်​​တောက်​ပ​နေတယ်​။

သူမအိမ်​ကိုပြန်​​ရောက်​ပြီ။

"အိမ်​ကိုလိုက်​ပို့​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​ အရှင့်​သား!" မုရုံရွှယ်​အပြုံး​လေးနဲ့​ပြောလိုက်​ပြီး သူမအနိုင်​ရလာတဲ့ဆုကိုယူဖို့အတွက်​ သူမလက်​​တွေကိုရွှမ်​ဖုန်းဆီကို ဆန့်​လိုက်​တယ်​။

ရွှမ်​ဖုန်းမျက်​လုံး​တွေလက်​သွားတယ်​။ လျင်​မြန်​စွာနဲ့လှုပ်​ရှားမှုတစ်​ခုပြုလုပ်​လိုက်​ပြီး သူ့လက်​ထဲက ​ကျောင်​​ဝေ့ယန်​ချင်​ကို အ​ပေါက်​ဝနားကအ​စောင့်​ဆီကိုလက်​လွှဲ​ပေးလိုက်​ကာ မျက်​​တောင်​တစ်​ခတ်​အတွင်းမှာ အစအန​တောင်​မ​တွေ့ရ​တော့ဘဲ ​ပျောက်​ကွယ်​သွားတယ်​။

မုရုံရွှယ်​မျက်​​တောင်​ပုတ်​ခတ်​ပုတ်​ခတ်​ဖြစ်​သွားတယ်​။ သူမလူ​အနည်းငယ်​ဖြတ်​သွားဖြတ်​လာလုပ်​​နေတာကိုမြင်​ရ​ပေမယ့်​ ကိုယ်​ရံ​တော်​​လေးရဲ့အစအ​န​လေး​တောင်​ မရှာနိုင်​ဘူး။ သိလိုစိတ်​​ကြောင့်​သူမမျက်​လုံး​တွေ​တောက်​ပလာတယ်​... ကိုယ်​ရံ​တော်​​တွေက သူတို့ရဲ့အစွမ်းအစကိုအသိအမှတ်​ပြုတာခံသင့်​တယ်​ _ ဘယ်​ကမှန်းမသိ​ပေါ်လာပြီး အစ​လေး​တောင်​ ပြန်​ရှာလို့မရ​အောင်​​ပျောက်​သွားတယ်​။ သူတို့တိုက်​ခိုက်​တာခံရမယ်​ဆိုရင်​ လူ​တွေကိုယ့်​ကိုယ်​ကိုယ်​ပြင်​ဆင်​ချိန်​​လေးရဖို့​တောင်​ မဖြစ်​နိုင်​ဘူး...

သူမရဲ့ တလက်​လက်​​တောက်​ပ​နေတဲ့မျက်​ဝန်း​တွေကိုကြည့်​ပြီး အိုးရန်​​ရှောင်​ချန်​ပိုပြီး စိတ်​ဓာတ်​ကျလာတယ်​။ ဟိုကဖြင့်​ထွက်​သွားပြီ ခုထိ သူမကသူထွက်​သွားတဲ့ဘက်​ကို လိုက်​ကြည့်​​နေ​တုန်းရှိ​သေးတယ်​။ သူမတကယ်​ကို ရွှမ်​ဖုန်းကို စိတ်​ဝင်​စား​သွားတာလား?

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now