72(z+u)

6.5K 700 35
                                    

Zawgyi

သူတို့ရဲ့ နှုတ်ခမ်းတွေ ထိမိတဲ့အခါ မုရုံရွှယ်စိတ်ထဲ ဗလာကျင်းသွားတယ် ဘာတွေဖြစ်ကုန်တာလဲ

သူမရဲ့ ခန္တာကိုယ်က သူ့ရဲ့ ဖျစ်ညစ်ခြင်းကို ခံနေရပြီး သူ့ရဲ့ အပူရှိန်ကို သူမရဲ့ ပါးလျတဲ့ အင်္ကျီကနေ တဆင့် ရှင်းရှင်းလင်းလင်းကို ခံစားမိနေတယ်

မုရုံရွှယ် ရှိသမျှ အားလေးနဲ့ သူ့ကို အရတွန်းနေပြီး ယ

"အိုးရန် တော်တော့"

သူ့အဖျားက မကျသေးဘူး ဒါ့အပြင် သတိလစ်နေသေးတယ် ဒါပေမဲ့ သူတို့က ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ပြီးနေပြီ
"အန္တရာယ်များလိုက်တာ"

မုရုံရွှယ်ခမျာ အားမရှိပါဘူးဆို ရှိသမျှ အားလေးနဲ့ သူ့လက်မောင်းကို ဖယ်ပစ်ပြန်ရင်လဲ ထပ်ပြီးတော့ တင်းတင်းကျပ်ကျပ် ဖက်ထားလာပြန်တယ်

မုရုံရွှယ် ပရမ်းပတာအခြေအနေမှာတင် နမ်းလာတဲ့ သူ့အနမ်းကို ရှောင်ရှားရင်း

"အိုးရန် ဒေါသထွက်ပြီး ရိုက်မိအောင်မလုပ်နဲ့နော်"

အိုးရန် သူမလေးအော်နေတာကို လျစ်လျူရှုပြီး ပိုတိုးလို့သာ ဖက်ထားမိတယ် သူမရဲ့ အပူချိန်က သူ့အဖျားကို လျော့စေတယ် တော်တော်လေးကို သက်သာလာတာမို့ ဆက်ပြီးတင်းတင်း ဖက်ထားမိတယ်

"မုရုံရွှယ် ရွှယ်အာ "
အိုးရန် သူ့အသံသြရှရှနဲ့ ရေရွတ်နေတယ်
တိုးတိုးလေးပြောနေတာက သူသတိမလစ်သေးဘူးဆိုတာ သိနိုင်တယ်

မုရုံရွှယ် ဒေါသနဲ့ သူ့ကို စိုက်ကြည့်တယ် သူမရဲ့ အသက်ရှူသံဟာ သူ့အလေးချိန်အောက်မှာ ထွက်ပေါ်နေတယ် သူမချောင်းခြောက်ဆိုးရင်း သူ့လက်မောင်းကို မလိုက်တယ်  ခပ်မိုက်မိုက်တစ်စုံတစ်ရာကို သူမထိမိခံစားမိတဲ့အခါ သူမမဲ့ပြုံးပြုံးလိုက်တယ်

အိုးရန်ဟာ ဖျားနေတုန်းဖြစ်တယ် သူမရဲ့ ကောင်းကျိုးတွေကို အလွယ်တကူဆောင်ရွက်ပေးနိုင်သလို သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း အရမ်းကောင်းတယ် သူမ အခု သူ့ကို ရွေ့အောင်မလုပ်နိုင်ပေမဲ့  မေ့မျောအောင်တော့ သူမလုပ်နိုင်တယ်

မုရုံအိမ်တော်မှာ အပ်စိုက်ကုထုံးဟာ မဖြစ်မနေသင်ယူရတဲ့ သင်ခန်းစာပဲ ဖြစ်တယ် ဒါ့အပြင် သူမက အဲ့မှာ အရမ်းတော်တဲ့ ကျောင်းသူလည်း ဖြစ်တယ် မျက်စိမှိတ်ပြီးတော့တောင် ခန္တာကိုယ်ရဲ့ မှန်ကန်တဲ့နေရာတွေကို ထိုးစိုက်နိုင်တယ် သူ့ရဲ့ နေရာတစ်ချို့ကို သူမထိုးစိုက်နိုင်ခဲ့ရင် သူမလုံခြုံပြီ

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now