167+168+169

1.1K 111 20
                                    

Zawgyi

#chapter167
မုရုံကျန်းရဲ့ လှည့်စားမှုများ

"မှုးမတ်အိမ်တော်က စစ်တပ်အာဏာရှိတဲ့ တစ်စုံတစ်ယောက်ကို ချဉ်းကပ်ပြီး စုန့်ထျန်းဝမ်ကို ခြိမ်းခြောက်ဟန့်တားနိုင်တယ်"
မုရုံကျန်း ဖြည်းညင်းတည်ငြိမ်စွာ ပြောလိုက်သည်။
သူ့ရဲ့ လက်ရှိလုပ်နိုင်စွမ်းနဲ့ဆို စုန့်ထျန်းဝမ်နဲ့ ယှတိုက်လို့ရပေမဲ့ နှစ်ဖက်က အင်အားတူနေရင် 50-50 အခြေအနေ ဖြစ်နေပေလိမ့်မည်။ သူက စုန့်ထျန်းဝမ်ကို အပြတ်အသတ်ဖိနှိပ်ထားချင်တာ ဖြစ်သည်။ ရန်သူကို အချက်တထောင်ထိပြီး သူ့ကို အချက်ရှစ်ရာ လာထိနေစေချင်တာ မဟုတ်ဘူး

သခင်မတု မျက်လုံးကို ကျဉ်းမြောင်းလိုက်ကာ
"ဒါဆို မင်းဆိုလိုတာက...."

"ကျွန်တော်တို့ ကျီအာကို စစ်တန်းလျားကို ပို့မယ် သူ စစ်တပ်ထဲမှာ အခြေကျသွားပြီးရင် သေချာပေါက် စစ်တပ်အင်အားတော့ ရမှာပဲ ဒါဆိုရင် ဝူအန်းမှုးမတ်အိမ်တော်က ကျွန်တော်တို့ကို အလိုအလျောက် ကြောက်ရွံ့လာလိမ့်မယ်"
မုရုံကျန်း အသံနှိမ့်ကာ မျက်လုံးတို့က နက်ရှိုင်းနေလျက် ပြောလိုက်သည်။

သူ မုရုံရယ်ကို ကျောက်တုံးလမ်းဘေးမှာ တွေ့လိုက်တဲ့အချိန် သူခံစားမိတာက မုရုံရယ်ရဲ့ ဆန္ဒနဲ့ စိတ်ဝိဉာဉ်က ခိုင်ခံ့နေသည်။ သူ့မျက်လုံးက ခိုင်မာနေကာ သူ့တကိုယ်လုံးကိုလဲ စစ်ပွဲထဲက စစ်သားတွေရဲ့ ခိုင်မာတည်ကြည်တဲ့ လေထုက ဝန်းရံထားသည်။ မုရုံရယ်က အရင်က ဆုံးမ မရတဲ့ ခေါင်းမာတဲ့ ကောင်လေးနဲ့ အများကြီး ကွာခြားသွားပြီဖြစ်သည်။

စစ်တန်းလျားမှာ တစ်လလောက် နေလိုက်တာနဲ့ မုရုံရယ်က လုံးဝပြောင်းလဲသွားသည်။ သူက သူ့ရဲ့ အသုံးမကျတဲ့အဖေဖြစ်သူ မုရုံယွဲ့နဲ့ ပိုပိုတူလာသည်။ ကြည့်ရတာ စစ်တန်းလျာက လူတွေကို ကောင်းကောင်းလေ့ကျင့်ပေးနိုင်ပုံပေါ်သည်။ မုရုံကျန်း သူ့သား ကျီအာကို စစ်တပ်ထဲ ပို့သင့်သည်ဟု ခံစားမိသည်။ ဒါမှ သူ့သားက သိုင်းပညာတွေ သင်ယူနိုင်တဲ့အပြင် သူ့ရဲ့ စစ်တပ်အင်အားကို ရလာပြီးနောက် ချင်းရန်ရဲ့ ထောက်တိုင်ဖြစ်လာပြီး မုရုံရယ်ကို ဖိနှိပ်နိုင်မှာ ဖြစ်သည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now