97: ချင်းယုယွမ်ရဲ့ အကြံအတိုင်း လုပ်ခြင်း

1.8K 234 13
                                    

Zawgyi

"အား"
ချင်းယုယွမ် နာကျင်စွာ အော်လိုက်ကာ ပျက်စီးသွားတဲ့ သူမခြေထောက်နဲ့ သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ခန္တာကိုယ်ကို သယ်လိုက်ပြီး ရေနှင့် ဝေးရာကို တွားသွားလိုက်သည်

သူမလြတ္လာတာကို မြင်တော့ မုရုံရွှယ် ချင်းယုယွမ်ဆီ ဖြေးညင်းစွာ လျှောက်သွားလိုက်ပြီး သူမရင်ဘတ်ပေါ် ခြေထောက်တင်လိုက်တယ်

ဝူဟန်နဲ့ ရွှမ်ဖုန်း စံအိမ္ကို ရောက်လာတော့ ချင်းယုယွမ်နဲ့ မုရုံရွှယ်တို့ တစ်ယောက်နဲ့တစ်ယောက် ရေကန်ဘေး ရုန်းကန်နေကြတာကို တွေ့လိုက်ရတယ် ယုယွမ်ရဲ့ ဝတ်စုံနဲ့ ဆံပင်က ရှုပ်ပွနေပြီး သူမရဲ့ လက်မောင်းနဲ့ ခြေထောက်က ရေရဲ့ တိုက်စားခြင်းကို ခံထားရပြီး လတ်ဆတ်တဲ့သွေးက ကြမ်းပြင်ပေါ် ရှိနေသေးတယ်

"အား အား အား"
ချင်းယုယွမ်ရဲ့ နာကျင်စွာ အော်သံက စံအိမ်ရဲ့ ဟောခန်းတစ်လျှောက် ပျံ့နှံ့သွားတာက အရမ်းကြောက်စရာကောင်းတယ်

မုရုံရွှယ် က ချင်းယုယွမ်အော်သံကို လျစ်လျူရှုကာ ဆက်ပြီး ကန်နေတယ်

သူမရဲ့ နှလုံးသားမဲ့တဲ့ အပြုအမူကို တွေ့တဲ့အခါ ဝူဟန် တွန့်သွားတယ် သခင်မလေး မုရုံရွှယ်က အတော်လေးကို ထိန်းချုပ်နိုင်စွမ်း မဲ့နေပြီပဲ

"ရှီ ၊ သခင်မလေးမုရုံ"
ရွှမ်ဖုန်း သူတို့ကို ရိုသေစွာ နှုတ်ဆက်လိုက်တယ် သူမ ဘာလုပ်နေတယ်ဆိုတာ သိတဲ့အခါ မုရုံရွှယ်ရပ်တန့်လိုက်ပြီး ကြည့်လိုက်တယ် အနက်ရောင် ဝတ်စုံဝတ်ထားပြီး အနက်ရောင် မျက်နှာဖုံး တပ်ဆင်ထားတဲ့ အစောင့် နှစ်ဆယ်ကနေ သုံးဆယ်လောက်ထိက တံခါးအပြင်မှာ ရပ်နေတာကို သူမတွေ့လိုက်ရတယ် သူတို့ရဲ့ အကြည့်တွေက အေးစက်ပြီး ကြောက်ရွံ့မှု ကင်းမဲ့တယ်

"နင်တို့ လာပြီလား ဒါတွေအကုန် သယ်သွားလိုက်"
မုရုံရွှယ် ကျေနပ်စွာ ပြောလိုက်တယ်

"အကုန္လုံးကိုလား"
ရွှမ်ဖုန်း ကြမ်းပြင်မှာ ရှိနေတဲ့ အရာတွေကို ကြည့်ပြီး မျက်လုံးပြူးသွားတယ် ဒီရတနာတွေက အများကြီးပဲလေ ဒါတွေအကုန် ဘယ်လိုလုပ်ပြီး သူတို့သယ်နိုင်မှာလဲ

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now