117: စေ့စပ်ပွဲဖျက်ရန် သွားခြင်း

1.5K 185 7
                                    

Zawgyi

ညနက်လာတဲ့အချိန် အိုးရန်ရှောင်ချန်က မုရုံရွှယ်ကို လက်မောင်းထဲထည့်ပြီး Marquis အိမ်တော်ရှေ့ ရောက်လာသည်။ ဂိတ်တံခါးဘေး နှစ်ဖက်ရှိ အနီရောင်မီးအိမ်က နွေးထွေးတဲ့အလင်းရောင်ကို ထုတ်လွှတ်ပေးနေသည်။

အိုးရန်ရှောင်ချန်မျက်လုံး နက်မှောင်သွားကာ ညင်သာစွာ ပြောလိုက်သည်။
"အရင်မင်းသားကျင်းက ရောဂါဟောင်း ပြန်ထလာတယ် မင်း သွားမလည်သင့်ဘူးလား"

မုရုံရွှယ် ခေါင်းညိတ်ကာ
"ဒါပေါ့ မနက်ဖြန်မနက် သွားမယ်လေ စေ့စပ်လက်ဆောင်တွေနဲ့ တခြားပွဲတော်လက်ဆောင်တွေပါ ကျွန်မနဲ့ အတူ ယူသွားမှာ စေ့စပ်ပွဲဖျက်ဖို့လေ"

အရင်မင်းသားကျင်း ပြန်လာပြီဆိုမှတော့ ဘာပြဿနာမှ မဖြစ်အောင် အမြန်လုပ်သင့်တယ်လေ

အိုးရန်မျက်နှာမှာ ဝင်းလက်တဲ့အပြုံးတစ်ခု ဖြစ်တည်လာပေမဲ့ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့နောက် တိုးတိတ်တဲ့အသံနဲ့
"ဒါပေမဲ့ ကြည့်ရတာ အရင်မင်းသားကျင်းက သဘောတူပုံမရဘူး.."

မုရုံရွှယ် နှာမှုတ်ကာ
"ကျွန်မ ရိရီချန်းရဲ့ ကိုယ်လုပ်တော်မဖြစ်ချင်ဘူး သူ့လက်ထဲမှာ ဘာကြောင့်မှန်းမသိဘဲ မသေသွားချင်ဘူး ဒီတော့ သူ သဘောတူတူမတူတူ ကျွန်မ လုပ်ရမှာပဲ "

သူမရဲ့ သေချာတဲ့ မျက်လုံးကို ကြည့်ရင်း အိုးရန် နှုတ်ခမ်းက ပျော်ရွှင်စွာ တွန့်ကွေးသွားပြီး
"မင်း အကူအညီ လိုဦးမလား"

"ဟင့်အင်း ကျေးဇူးပဲ ဒါက ကျွန်မနဲ့ ရိရီချန်းကြားက ကိစ္စပဲ ရှင် ဘေးထွက်နေသင့်တယ်"
မုရုံရွှယ် ပြုံးကာ ညင်သာစွာ ပြောလိုက်သည်။

သူမ နှလုံးသားထဲတွင်တော့
'အိုးရန်ရှောင်ချန်က ရှောင်းယောင်ဝမ်ဖြစ်ပြီး အပြင်လူပဲ မင်းသားကျင်းအိမ်တော်ကို သူ့ကို ခေါ်သွားတာက တရားမမျှတပေ။ ပြီးတော့ သူမက လောကဝတ်မရှိဘူးဟု ရိရီချန်းက ထင်သွားလျှင် သူမအတွက် ခက်ခဲစေမဲ့အပြင် ရှုပ်ထွေးသွားနိုင်သည်။'

"ဒါဆို အိမ်တော်မှာပဲ မင်းရဲ့ သတင်းကို စောင့်နေမယ်"
အိုးရန် မျက်လုံးထဲမှ ပြောပြမရတဲ့အရိပ်အရောင်တွေနဲ့အတူ ညင်သာစွာ ပြောလိုက်သည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now