198-207

1.9K 100 33
                                    

#chapter198
ပြင်းထန်တဲ့တိုက်ပွဲ ၎

ဒါက နှစ်ဖွဲ့ကြားက စစ်ပွဲမဟုတ်ပေ၊ ချင်းရန်ကလူတွေကို သတ်ရမည့်အစား နန်ကျင်းကလူတွေသာ အစုလိုက်အပြုံလိုက် အသတ်ခံနေရခြင်းပင်။

သစ်သားမြွေယာဉ်ကြီးကို မောင်းနှင်ရင်း မုရုံရွှယ် သစ်သားမြွေအုပ်ထဲကို အကြောက်အလန့်မရှိ ပြေးဝင်သွားကာ သူမရှေ့က သစ်သားမြွေတွေနဲ့ မကောင်းဆိုးဝါးတွေအကုန်လုံးကို သတ်ပစ်ခဲ့သည်။

သူမ လှည့်ပတ်နေတဲ့ မျဉ်းကြောင်းက ကြီးလာချိန် မကောင်းဆိုးဝါးအရေအတွက်က လျော့နည်းလာပြီဖြစ်သည်။ သစ်သားမြွေရဲ့ ကျောပေါ် ရပ်ရင်း မုရုံရွှယ် သစ်သားမြွေတွေ လေပေါ် ပျံနေရခြင်းအကြောင်းကို ပိုပြီး သိလာရသည်။ မမြင်နိုင်တဲ့အပြုံးတစ်ခုက သူမမျက်နှာထက် ပေါ်ပေါက်လျာလသည်။

သစ်သားမြွေရဲ့ ကျောပေါ်ရပ်နေတဲ့ စန်ချုံးလဲ သူ့လူ မကောင်းဆိုးဝါးတွေ တဖြည်းဖြည်း လျော့နည်းလာတာကို ကြည့်နေကာ သူ့အကြည့်က စူးရှလာသည်။ သူ ဘာကို သက်သေပြခံလိုက်ရလဲဆိုတာ ယုံကြည်ဖို့ အရမ်းအ့အားသင့်နေမိသည်။ မုရုံရွှယ်က ပေါက်ကွဲမှုမှာ မသေခဲ့ပေ။ အဲ့အစား သူမက သစ်သားမြွေကို ဘယ်လိုမောင်းနှင်ရလဲဆိုတာ သင်ယူနိုင်ခဲ့ပြီး အဲ့တာနဲ့ သူ့ကို ပြန်ဆန့်ကျင်ခဲ့သည်။ သေလိုက်စမ်း!!!

မုရုံရွှယ်က သူ့ကို သတ်ဖို့ကြံနေတယ်ပေါ့လေ မဖြစ်နိုင်တာကြီး ဟမ့်

"ပေါင်းစပ်!"
စန်ချုံးရဲ့အသံက မြေကြီးကိုပင် တုန်ခါသွားစေနိုင်သည်။

"ဟုတ်ကဲ့"
မကောင်းဆိုးဝါးတွေ ပြန်ဖြေလိုက်ပြီး သစ်သားမြွေရဲ့ ကျောကို ဖိလိုက်သည်။ သစ်သားတုံးတွေအကုန် ပြန်လည်ဖွဲ့စည်းသွားပြီး မျက်လုံးပုံစံ စင်္ကြံတစ်ခုပေါ်လာသည်။ အလယ်မှာ ပျံသန်းနေတဲ့ သစ်သားမြွေတွေလည်း ဘေးကို အသီးသီးကပ်သွားကာ ကြီးမားတဲ့ လျှောက်လမ်းတစ်ခု ပေါ်လာသည်။

ရှည်လျားသွယ်လျတဲ့ စင်နှစ်ခုက ဘေးနှစ်ဖက်လုံးမှာ ပေါ်လာကာ ကျယ်ပြန့်နူးညံ့ပြီး အလယ်မှာ ခါးပတ်ကြိုးဆွဲထားသည်။ သစ်သားသေတ္တာက ခါးပတ်ထဲ ရှိနေလေသည်။ အဲ့တာဘာလဲ ဘယ်သူမှမသိပေ။

You've reached the end of published parts.

⏰ Last updated: May 18, 2023 ⏰

Add this story to your Library to get notified about new parts!

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now