35

8.8K 1.1K 50
                                    

35.

ဒါက လူသတ်​လက်​နက်​ပဲ!

အိုးရန်​​ရှောက်​ချန်​ရဲ့ မျက်​ဝန်း​တွေက ​ရေခဲမြစ်​အလား ​အေးစက်​သွားသည်​။ သူက လက်​ဖက်​ရည်​ခွက်​ကို မ,ယူလိုက်​ပြီး လက်​ဖက်​ရည်​များကို ​ရေခဲဓားသွားများအဖြစ်​ ​ပြောင်းလဲလိုက်​ကာ ​ရေခဲချပ်​လွှာ​လေးများက ခွက်​မျက်​နှာပြင်​မှာ ​​​ပေါ​လော​ပေါ်​နေသည်​။ သူက မုရုံရွှယ်​အား ကယ်​တင်​ရန်​ ပြင်​ဆင်​ထား​လေပြီ။

မ​မျှော်​လင့်​ဘဲနဲ့ မုရုံရွှယ်​က ထိုအရာ လာ​နေတာကို မြင်​လိုက်​သည်​။ *သူမက ယန်​ချင်​ကို ပိုက်​၍ ကိုယ်​ကိုလှည့်​ကာ  ထိုစွမ်းအားများကို  ​ရှောင်​တိမ်းလိုက်​​လေသည်​။*

"ဘုန်း!" စွမ်း​အားရိုက်​ချက်​က နံရံကို သွားထိမှန်​ကာ သစ်​သားစများကို ဖွလန်​ကြဲထွက်​သွား​စေသည်​။

ရလဒ်​အ​နေနဲ့ နံရံမှာ အမှတ်​အသားတစ်​ခု ဖြစ်​၍ သွား​လေသည်​။ အဲဒါက နံရံအ​နောက်​က အုတ်​ကိုပါ သွား၍ သက်​​ရောက်​မှု ရှိသည်​။

အ​နောက်​မှာ နက်​ရှိုင်းတဲ့ အမှတ်​အသားကြီးကို မြင်​တဲ့အခါ လူစုဟာ ပင့်​သက်​ရှိုက်လိုက်​မိကြသည်​။

မုရုံရွှယ်​က​တော့ ထိခိုက်​ဒဏ်​ရာမရဘဲ လွတ်​​မြောက်​သွားခဲ့၏။ အိုးရန်​​ရှောက်​ချန်၏ မျက်​ဝန်း​တွေထဲမှာ အံ့အားသင့်​​နေသည့်​ အရိပ်​အ​ယောင်​များ ယှက်​သန်း​နေသည်​။ သူက သူ့လက်​ထဲက လက်​ဖက်​ရည်​ခွက်​ထဲက ​ရေခဲဓားသွားများကို လက်​ဖက်​ရည်​အဖြစ်​ ပြန်​လည်​ ​ပြောင်းလဲလိုက်​၏။

ယန်​ချင်​ကို လူသတ်​လက်​နက်​အဖြစ်​ အသုံးပြုသည့်​ ချင်​ယွီယွမ်​၏ စွမ်းရည်​က အလွန်​ ထိတ်​လန့်​စရာ ​ကောင်းလှသည်​။ ထိုအရာက သူမ၏ လက်​ကိုသာ သွား​ရောက်​ထိမှန်​ခဲ့လျှင်​ အရိုးပါ ကျိုး​ကြေသွားနိုင်​ပြီး ​နောက်​ထပ်​ တီးခတ်​နိုင်​​တော့မည်​ မဟုတ်​​ပေ။

ချင်​ယွီယွမ်​က အသာစီးမယူနိုင်​​တော့တာ​ကြောင့်​  လက်​နက်​ကို သူမဆီ ဝန်းရံ​ရစ်​ပတ်​ကာ တိုက်​ခိုက်​​စေသည်​။ ဒီမိန်းမက ဒီ​လောက်​ ​အောက်​တန်းကျတဲ့ နည်းကို သုံးတယ်​လား?.. ဒါဆို ငါကလည်း ထပ်​ပြီး ယဉ်​​ကျေး​နေစရာ မလို​တော့ဘူး!

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now