71 (zawgyi+unicode)

6.7K 707 47
                                    

Zawgyi

အိုးရန်ဖျားနေသည်။

ဒီအကြံကတကယ်ကောင်းတယ်ဆိုပေမယ့် ကိုကြီးကဘယ်လိုဝင်ရမှာလဲ? မုရုံရယ်ဒါနဲ့ပက်သက်ပြီး တခုမှမသိတာကြောင့် သူ့ညီမကို မျှော်လင့်တကြီးကြည့်လိုက်တယ်။

ဟင်း..  စစ်သားတွေလေ့ကျင့်ပေးတဲ့စခန်းက အရမ်းလုံခြုံရေးတင်းကြပ်တယ်၊ ဒီနှစ်မှာဆို တစ်ယောက်မှစုဆောင်းတာမရှိလို့ မုရုံရယ်ကိုပို့ဖို့ အခက်အခဲရှိတယ်။ သူတို့တစ်ယောက်ယောက်အကူအညီလိုတယ်။

မုရုံရယ်သူ့ရဲ့မကောင်းတဲ့သူငယ်ချင်းတွေရဲ့မိဘတွေနဲ့ သိပေမယ့်သူတို့အားလုံးက ပညာရှိလူကြီးလူကောင်းတွေချည်းပဲဖြစ်တယ်။ [T/N: စစ်တပ်ပိုင်းမပါတာကို ပြောချင်တာပါ]

မုရုံရွှယ်သိထားတဲ့ အသိဉာဏ်အရဆိုရင် ရိရီချန်းတစ်ယောက်သာ စစ်တပ်အာဏာကို ချုပ်ကိုင်ထားတာဖြစ်တယ်။ ဒါပေမယ့် သူတို့တွေက ပြိုင်ဘက်တွေဖြစ်တာကြောင့် မုရုံရယ်သူ့တပ်ထဲဝင်လို့မဖြစ်ဘူး။ မဟုတ်ရင်နေ့တိုင်း သူသေလောက်အောင် နှိပ်စက်ခံရလိမ့်မယ်။

ရိရီချန်းကလွဲရင်လည်း တစ်ယောက်မှမရှိဘူး။ မုရုံရယ်စစ်တပ်ထဲဝင်ဖို့ တကယ္ခက္တာပဲ။

ကြီးမားတဲ့တိုကင်ပိုင်းတစ်ခု မုရုံရွှယ်ရှေ့ကျလာပြီ အိုးရန်ညင်သာစွာ အမိန့်ပေးလိုက်တယ် ဒါကိုယူသြား၊ မြို့တော်ရဲ့မိုင်သုံးဆယ်အကွာက စစ်စခန်းမှာစစ်သူကြီးကျန်းကိုသွားရှာ အဲ့မှာမုရုံရယ်အတွက်နေရာသူစီစဉ်ပေးလိမ့်မယ်

တိုကင်က ဘဲဥပုံစံ ကြေးရောင်လေးဖြစ်တယ်။ အဲ့တာကိုဘာကနေလုပ်လည်းတော့ သူမလည်းမသိဘူး။ တိုကင်ပေါ်မှာ ရှောင်စိတ်ဝိဉာဉ်အိမ်တော်ဆိုပြီး ထွင်းထုထားတယ်။

မုရုံရွှယ် အံအားသင့်သွားတာကို ဘယ်လိုမှမထိန်းနိုင်တော့ဘူး ရှင် စစ်သူကြီးကျန်းနဲ့ ရင်းနှီးတာလား?

အိုးရန္က သူ့ဘ၀တစ်လျှောက်လုံး ခရီးတွေထွက်နေပြီး ဒီမြို့တော်ကို ခုမှသူပြန်ရောက်လာတာ။ သူမြို့တော်ကအရာရှိတစ်ယောက်မှ မမြင်ဖူးဘူးလို့ သူမထင်ထားတာ၊ သူတို့မြို့တော်နဲ့ အဝေးကြီးမှာရှိနေတဲ့ စစ်သူကြီးကျန်းကို ဘယ္လိုသိသြားတာလဲ?

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now