127: လော့ရွှယ်ပွဲကြည့်စင်၌ ဆုံကြခြင်း

1.3K 160 14
                                    

နွေးထွေးတဲ့ နေရောင်ခြည်အောက်တွင်

မုရုံရွှယ်က အဖြူရောင်အပင်အောက်မှာ ထိုင်ရင်း ရေနွေးတစ်ခွက်ငှဲ့ကာ အိုးရန်ဘက် တိုးပေးလိုက်သည်။
"သခင်မတုနဲ့ သူ့သမီးဆီက သတင်းမရဘူးလား"

ရှောင်းယောင်အိမ်တော်ရဲ့ သူလျိုတွေက မုရုံအိမ်တော်နားမှာ အမြဲရှိကြတာကြောင့် သခင်မတုနဲ့ သူ့သမီးတို့ လှုပ်ရှားမှုကို သိနိုင်ကြသည်။

အိုးရန် တငုံယူသောက်လိုက်ကာ
"သူတို့ အခု ဘာမှမလှုပ်ရှားကြသေးဘူး စုန့်ချင်းယန် နိုးလာပြီ ဒါပေမဲ့ သူမက ဒဏ်ရာအပြင်းအထန် ရလာတယ် ကြည့်ရတာ လဝက်လောက် အနားယူဖို့လိုမယ်"

"တကယ်လား ကြည့်ရတာ ရိရီချန်းက သူမကို ပြင်းပြင်းထန်ထန် ကန်လိုက်ပုံပဲ"
ရိရီချန်းက ညစ်ပတ်တဲ့ ထောင်ချောက်နဲ့ လျို့ဝှက်အကြံအစည်တွေကို မုန်းတဲ့ စစ်နတ်ဘုရားပဲ မုရုံကျန်းနဲ့ စုန့်ချင်းယန်က အမြဲစိမ်းခြုံပင်အရည်ကို သူ့အပေါ် တကယ်အသုံးချခဲ့ကြသည်။ သူတို့ကို အပိုင်းပိုင်း မခုတ်ပစ်တာက သူတို့ကံကောင်းမှုပင်။

သူမရဲ့ ပြုံးနေတဲ့ မျက်နှာကို ကြည့်ပြီး အိုးရန် အသာပြုံးလိုက်ကာ
"သမားတော်ပြောတာက ကန်ချက်က နဲနဲထပ်ပြီး ပိုသန်မာလိုက်ရင် သူမရဲ့ အတွင်းကလီစာတွေ ပျက်စီးကုန်ပြီး ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူးတဲ့"

အဲ့လောက် ပြင်းထန်လား မုရုံရွှယ် အံ့အားသင့်သွားသည်။ ကြည့်ရတာ ရိရီချန်းက စုန့်ချင်းယန်ကို သေသည်အထိ ကန်လိုက်ဖို့ ရည်ရွယ်တာပဲ ဒါပေမဲ့ အမြဲစိမ်းခြုံပင်အရည်ရဲ့ အာနိသင်က သူ့အတွင်းအားကို အားလျော့စေခြင်းကြောင့် သူမ ကံကောင်းစွာ အသက်ရှင်ခဲ့တာ ဖြစ်သည်။

"အဲ့တာက သခင်မတုနဲ့ သူ့သမီးအတွက် ကြောက်စရာပဲ နောက်ထပ် ရိရီချန်းကို သွားနှောင့်ယှက်ရဲမှာမဟုတ်တော့ဘူး အခု တခြားအစီအစဉ်ကို အကောင်အထည်ဖော်သင့်ပြီ"
အိုးရန် ငြင်သာစွာ ပြောလိုက်သည်။

မုရုံရွှယ် ခေါင်းငြိမ့်လိုက်သည်။
"ကျွန်မသိပြီ"
သခင်မတုနဲ့ သူ့သမီးက အမြဲတမ်း အနိုင်ကျင့်တဲ့ကစားပွဲပဲ ကစားနေကြတာ အခု သူမတို့ ရိရီချန်းကို သွားအနိုင်ကျင့်မိပြီ ဒါကြောင့် သူမတို့အပြုအမူတွေကို သူ့ရှေ့မှာ သေချာထိန်းသိမ်းမှာပဲ မဟုတ်ရင် သေမင်းကို ဖိတ်ခေါ်သလို ဖြစ်သွားမှာ

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now