107: အပြစ်ပေးခြင်း

1.6K 184 11
                                    

Zawgyi

"ထျန်း...ထျန်းဝမ်"
မုရုံရော့ ရာဇဝတ်မှုကျူးလွန်မိသူတစ်ယောက်လို ခံစားလိုက်ရကာ သူမစိတ္က ဗလာကျင်းသွားသည်။ သူက ဘာလို့ ဒီရောက်နေတာလဲ ရွှီဝမ် သူမကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ပြီးနောက် အမျိုးသမီးတစ်ဦးရဲ့ ဂုဏ်သိက္ခာကို သူမဆုံးရှုံးသွားသည်။ သူ အားလုံး သိနေခဲ့တာလား ဘယ်လိုဖြစ်နိုင်မှာလဲ ဘာတွေ ဘယ်လိုဖြစ်ကုန်တာလဲ

"မုရုံရော့ မင်းက အရမ်း စိတ်ပျက်စရာကောင်းတယ်"
စုန့်ထျန်းဝမ် သနားညှာတာမှု ကင်းမဲ့စွာ ပြောပြီးနောက် လှည့်ပြန်သွားသည်။

မုရုံရော့ ကြောင်အသွားသည်။ ထျန်းဝမ် သူမကို စွန့်လွှတ်လိုက်ပြီလား သူမက ဝူအန်းဟော်ရဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမဲ့ အရှက်မရှိတဲ့ ယောက်ျားတစ်ယောက်က သူမခန္တာကိုယ်ကို ရက်စက်စွာနဲ့ ဆက်ဆံပြီးတဲ့နောက် ထျန်းဝမ် သေချာပေါက် သူမကို မုန်းတီးသွားမှာ ဟော်နေထိုင်ရာခန်းမကနေ သူထွက်သွားချိန်မှာ သူမ မရပ်တန့်နိုင်ခဲ့ရင် သူမတို့ဆက်ဆံရေးက အဆုံးသတ်သွားပြီး အနာဂတ်ဆိုတာ ရှိလာမှာ မဟုတ်တော့ဘူး

"ထျန်းဝမ်.. မသွားပါနဲ့"
စောင်ပါးလေးနဲ့ ထုပ်ထားတဲ့ သူမခန္တာကိုယ်က စုန့်ထျန်းဝမ် ခြေရင်းဆီ ကျသွားသည်။ သူ့အင်္ကျီလက်ကို ဆြဲကာ ငိုရင်း
"ထျန်းဝမ် ငါ အကွက်ဆင်ခံရတာပါ ငါတကယ်ပဲ အကွက်ဆင်ခံရတာပါ ငါ့ကို ကျေးဇူးပြုပြီး ယုံပါ ငါ့ကို ယုံပေးပါ"

စုန့်ထျန်းဝမ် ခြေလှမ်းနှေးသွားကာ စက္ကန့်အနည်းငယ်လောက် ရပ်တန့်သွားသည်။ နောက်တစ်လှမ်း ထပ်လှမ်းလိုက်ရင်း မုရုံရော့ကို မကြည့်ဘဲ မေးလိုက်သည်။
"ဘယ်မှာလဲသက်သေ အကွက်ဆင်ခံရတယ်ဆိုတဲ့ သက်သေ မင်းမှာ ရှိလား"

"သက်သေ..သက်သေ"
မုရုံရော့ ပ်ာယာခတ္စြာ အခန်းပတ်လည်ကို လိုက်ကြည့်သည်။
ရုတ်တရက် အိပ်ယာဘေးက ရွှီဝမ်ကို မြင်သွားကာ
"ရွှီဝမ် ကာမအားတိုးဆေးစားထားတယ် သမားတော်ကို သူ့ကို စစ်ခိုင်းပေး သေချာပေါက် ရှာတွေ့မှာပါ"

"ရွှီဝမ်က ကာမအားတိုးဆေး စားထားတယ်ဆိုရင်တောင် သူမ်ားက ကျွေးတာလား သူကိုယ်တိုင် စားထားတာလား ဘယ်သူသိမွာလဲ "
မုရုံရွှယ် တိုးတိုးလေး ပြောလိုက်သည်။
သူမရဲ့ စကားတွေက အစေခံတွေ ကလေးထိန်းတွေ အစောင့်တွေကို လှောင်ရယ်သွားစေသည်။ အရာရှိရွှီက ငယ်မှမငယ်တော့တာ သူလိုချင်တဲ့အချိန် ကိစ္စကို လုပ်နိုင်ဖို့ ကာမအားတိုးဆေး ဆောင်ထားနိုင်တာပဲ တကယ်တော့ အဲ့တာက ပုံမှန်ပဲလေ

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now