132: ကျွန်မ စေ့စပ်ပွဲဖျက်ချင်တယ်

1.4K 199 14
                                    

ချင်းယုယွမ် မျက်လုံးမီးဝင်းဝင်းတောက်လျက် မုရုံရွှယ်ကို စိုက်ကြည့်လိုက်သည်။ ဒီခွေးစုတ် သူတို့ကို သူမကြာပန်းခြံဝန်းဆီ ခေါ်လာတုန်းက သူမ ပြတင်းပေါက်နားမှာ ထိုင်နေတာ ဖြစ်သည်။ ဒီသောက်ခွေးစုတ်က သူမရဲ့ အဖိုးတန်ဆေးကို လာတူးနေတာ မြင်ပေမဲ့ သူမ ဘာမှမလုပ်ခဲ့ပေ။ ရီချန်းဒေါသထွက်လာတော့ သူမအခန်းထဲ ဝင်ရှာမှာစိုးလို့ အဆိပ်ကို သူမရဲ့ ရွှေဆံထိုးထဲ ထည့်ခဲ့သေးသည်။ ဒါပေမဲ့ ဒီခွေးစုတ်က အနံ့ခံမိသွားတယ်

လူတိုင်းရဲ့ အထင်သေး စက်ဆုပ်နေတဲ့ မျက်လုံးများက ချင်းယုယွမ်ပေါ် ကျရောက်လာလေသည်။ သူမပဲ ဖြစ်သင့်တယ် သံသယရှိစရာတောင်မလိုဘူး

အရင်မင်းသားကျင်းက သူမကို သဘောမကျပေမဲ့ ခက်ခဲအောင်တော့ မလုပ်ခဲ့ဖူးပေ။ သူမလိုအပ်တာတွေ အစားအသောက် အဝတ်အစား နေစရာ ဘာပဲလိုလို ထောက်ပံ့ခဲ့သည်။ သူမဒဏ်ရာအပြင်းအထန်ရလာတော့လဲ ပြန်သက်သာလာအောင် အဖိုးတန်ဆေးတွေ ပို့ပေးခဲ့သည်။ ကျေးဇူးတင်ရမဲ့အစား သူမက အရင်မင်းသားကျင်းကို အဆိပ်ခတ်ခဲ့သည်။ ဘယ်လောက် စက်ဆုပ်အထင်သေးစရာကောင်းတဲ့ ကျေးဇူးကန်းမှုလဲ

"ချင်းယုယွမ် မင်း တကယ်ပဲ ငါ့ကို စိတ်ပျက်စေတယ်"
ရိရီချန်း ချင်းယုယွမ်ကို အေးစက်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်ကာ ပြောလိုက်သည်။ ငါ့အဖေက သူမကို အမြဲပြောဆိုနေတာကို မကျေနပ်ရင် သူ့ကို လာအထွန့်တက်လို့ရတယ် ဘယ်လိုလုပ် ဒီလို ပုန်းလျှိးကွယ်လျှိုးနည်းလမ်းကို သုံးရတာလဲ

ချင်းယုယွမ်ရဲ့ မျက်လုံးထဲ ချက်ချင်း မျက်ရည်များ ပြည့်လျှံလာသည်။ သူမ ဒီမှာနေတာ ကြာနေပေမဲ့ ရီချန်းက သူမကို လက်မထပ်သေးပေ။ အရင်မင်းသားကျင်းကလဲ သူမကို သဘောမကျတဲ့အပြင် ရိရီချန်းနဲ့ မုရုံရွှယ်ကို အောင်သွယ်လုပ်ပေးနေသည်။ သူမလဲ ဒေါသထွက်လာတာကြောင့် အဆိပ်ခတ်မဲ့ အကြံဆိုးကို သူ့အပေါ် သုံးလိုက်ရခြင်းပင်။

သူမရဲ့ မူလအစီအစဉ်က ရီချန်း သူမကို ပထမဇနီးအနေနဲ့ လက်ထပ်ပြီးရင် အရင်မင်းသားကျင်းကို အဆိပ်ဖြေဆေး ပေးလိုက်မည် ဒါဆိုရင် သူအသက်ပြန်ရှင်လာတာကြောင့် အဖျားအနာပျောက်စေတဲ့ လက်ထပ်ပွဲက အောင်မြင်သွားတဲ့ အဓိပ္ပါယ်ဖြစ်ကာ ကျင်းကြင်ယာတော်ဟောင်းနဲ့ ရီချန်းလဲ သူမကို ပိုသဘောကျလာလိမ့်မည်။ အရင်မင်းသားကျင်း သူမကို သဘောမကျရင်တောင် သူ့ကို အဆိပ်ဖြေပေးထားတဲ့ကျေးဇူးကြောင့် အမုန်းလျော့ကာ အရာအားလုံးကို လွှတ်ချပေးပေလိမ့်မည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now