135: Drensh

1.4K 182 12
                                    

(ချင်းယုယွမ် အစား အမှန်ဖြစ်တဲ့ ချင်းယွီယမ် ကိုပဲ သုံးသွားတော့မယ်နော်
ရိရီချန်း အစား ယဲ့ယိချန် လို့ သုံးမယ်နော်

*မနေ့က ch.36ကို ဘာသာ ပြန်တင်လိုက်တော့မှ အမှန်အတိုင်းပဲ ဆက်ရေးဖို့ စိတ်ကူးမိလို့ပါ*)

သူ့ရဲ့ စာနာစိတ်မရှိတဲ့ နောက်ကျောကို ကြည့်ပြီး ချင်းယွီယမ်ရဲ့ ယုံကြည်မှုရှိနေတဲ့ မျက်နှာပေါ်က အပြုံးက အေးခဲသွားသည်။ သူမကိုယ်သူမ ရိုးသားစွာ ဝန်ခံပါသော်လည်း သူက ခွင့်လွှတ်ဖို့ ငြင်းဆန်နေတုန်းပင် အသည်းမာလိုက်တာ!

ယဲ့ယိချန်မျက်လုံး လက်သွားကာ ထိုလူကြီးနောက် ပြေးလိုက်သွားသည်။
"အဖေ!"

အရင်မင်းသားကျင်း ရပ်လိုက်ကာ နောက်ပြန်လှည့်ကြည့်နေသည့် သူ့မျက်လုံးတို့က မီးဝင်းဝင်းတောက်လျက် ရှိနေသည်။
"မင်း ဘယ်လိုလူမျိုးကို ချစ်မိသွားလဲ ကြည့်စမ်း!''

ယိချန်ကို လက်ထပ်ပြီး မှန်ကန်တဲ့ သခင်မဖြစ်လာဖို့အတွက် သူ့အဖေကို အဆိပ်ခတ်သည်။ စိတ်ဓာတ်ဆိုးရွားပြီး ရက်စက်တဲ့ မိန်းမတစ်ယောက်က သူမပန်းတိုင်ရောက်ဖို့ ဘာမဆို လုပ်မှာပင်။

"အဖေ ကျွန်တော်တောင်းပန်ပါတယ်"
ယဲ့ယိချန်  လေးနက်စွာ ပြောလိုက်သည်။ ချင်းယွီယမ်က လိမ္မာပါးနပ်ပြီး လျို့ဝှက်အကြံအစည်တွေ ချတတ်တာကို သူသိသည်။ ဒါပေမဲ့ အခွင့်အရေးရဖို့အတွက် သူ့အဖေကို အဆိပ်ခတ်လိမ့်မည်ဟုတော့ သူ မထင်ထားခဲ့မိပေ။

"မင်းက တကယ်ပဲ မိန်းမတွေနဲ့ ပက်သက်ပြီး ဆိုးရွားနေတာပဲ!"
အရင်မင်းသားကျင်း သူ့ကို ကျယ်လောင်စွာ အော်ဆူလိုက်သည်။

အိုးရန်ရှောင်ချန် လုပ်သလိုမျိုး သူ့အဖေကလဲ သူ့ကို ဆူနေတဲ့အခါ ယဲ့ယိချန်ရဲ့ မျက်လုံးထဲ ထူးဆန်းတဲ့ အကြည့်တစ်ချက် ပေါ်လာလေသည်။

သူ မျက်မှောင်ကြုတ်နေတာကို တွေ့တဲ့အခါ အရင်မင်းသားကျင်းမျက်နှာ အသာပြေလျော့သွားကာ
"နောက်ကျနေပြီ ဒီမှာ ဆက်မနေနဲ့တော့ ရွှယ်အာက အဆိပ်မိနေတာ မင်းအားရင် Marquisအိမ်တော်ကို သွားလည်လိုက်ဦး"

ယဲ့ယိချန်မျက်နှာ အံ့အားသင့်သွားကာ
"ဘာအဓိပ္ပါယ်လဲ အဖေ"

"မင်းနဲ့ ရွှယ်အာက စေ့စပ်လမ်းကြောင်းတာ ပျက်သွားပေမဲ့ သူမ လက်မထပ်မချင်း သွားလည်ဖို့ အခွင့်အရေးရှိနေသေးတယ် မင်းတို့ရဲ့ စေ့စပ်ပွဲက ပြန်တောင် ဖြစ်လာနိုင်သေးတယ်"
အရင်မင်းသားကျင်း တိုးတိတ်စွာ ပြောလိုက်ပြီး သူ့မျက်လုံးတို့ကလဲ ရှားရှားပါးပါး တောက်ပနေလေသည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now