22

9.7K 1.2K 43
                                    

    "ဒီဝူအန်း Marquis အိမ်​​တော်​က ကြည့်​ရတာ ​တော်​​တော်​​လေး ချမ်းသာပါတယ်​ ပိုက်​ဆံပြတ်​​နေတယ်​ဆိုတာ မဖြစ်​သင့်​ဘူး ဟုတ်​တယ်​မလား"
    "ဘယ်​သူသိမှာလဲ ဖြစ်​နိုင်​တာ သူတို့မှာ တကယ်​ပိုက်​ဆံပိုက်​ဆံမရှိလို့ ဒါမှမဟုတ်​ ပိုက်​ဆံရှိတယ်​ မ​ပေးချင်​လို့ ပြီး​တော့ ​ပေး​ချေမှုကို ပြင်​ဆင်​ထားပြီးသား​နေမှာ"
     "ဒီဝူအန်းMarquis အိမ်​​တော်​က လူ​တွေရဲ့ အကျင့်​စရိုက်​က ​တော်​​တော်​​လေး ဆိုးရွား​နေတာပဲ"
     "ဘယ်​သူ​ပြောလဲ အဲ့ဒါက မ........"

လူတိုင်းရဲ့ ​ဝေဖန်​သံ​တွေ ပျံ့လွင့်​လာတယ်​ စုန့်​ချင်းယန်​ရဲ့ လှပတဲ့မျက်​နှာ​လေးက အနီ​ရောင်​ကို ​ပြောင်း​နေပြီ
ဒီလိုမျိုးသာဆိုရင်​ သူမက ဒီကျူ ယွီိရုံး​တော်​က ပစ္စည်း​တွေ သယ်​လို့ရပါဦးမလား

ဒါ​တွေက သူမအ​ဒေါ်ရဲ့ ခန်းဝင်​ပစ္စည်း​တွေ သူမသယ်​သွားလိုက်​ရင်​ ဒီလူ​တွေရဲ့ စိတ်​ဝင်​စားမှုက​နေ ရုန်းထွက်​နိုင်​ပါ့မလား ဘာ​တွေများ သူတို့ ဒီ​လောက်​ မခံမရပ်​နိုင်​ ဖြစ်​​နေကြပါလိမ့်

သူမမျက်​စိ​အောက်​တွင်​ပဲ ​ဒေါသလှိုင်းက ထကြွလာတယ်​ သူမ လူတိုင်းကို သင်​ခန်းစာတစ်​ရပ်​ သင်​ကြားဖို့ ပြင်​​နေတုန်း သတ်​လတ်​ပိုင်း လူတစ်​​ယောက်​ရဲ့ ​အော်​သံထွက်​လာတယ်

     "ငါက ကျင်းရှူ  (Jingxiu) ပိုးထည်​ဂို​ဒေါင်​က တာဝန်​ခံ ဝူအန်းMarquisအိမ်​​တော်​က ငါ့ရဲ့ဂို​ဒေါင်​က​နေ ပိုးထည်​​တွေကို လွန်​ခဲ့တဲ့ ၁၀နှစ်​ကတည်းက​ငွေ​ပေး​ချေခြင်းမရှိပဲ ယူသွားတယ်
လတိုင်းရဲ့ ပထမ​နေ့​တွေမှာ ပိုက်​ဆံလာ​တောင်း​ပေမဲ့ ဆင်​​ခြေပဲ​ပေးကြလို့ ပြန်​ပြန်​လှည့်​လာရတယ်​ ဒီ​နေ့ ငါကျူယွီ ရုံး​တော်​က တာဝန်​ရှိသူ​နဲ့ ​တွေ့ပြီးပြီ ဟွန့်​.... ငါအားလုံးကို စာရင်းဖတ်​ပြသင့်​ပြီ"

    "XXနှစ်​ Xလ Xရက်​မှာ ဝူအန်းMarquisအိမ်​​တော်​က သခင်​မက ရှူ  (Shu) ဘရိုကိတ်​နှစ်​စုံ ရွန်​(Yun) ဘရိုကိတ်​ နှစ်​စုံ၊ စု(Su) ပန်းထိုးဘရိုကိတ်​ နှစ်​စုံ XXနှစ်​ Xလ Xရက်​မှာ ဝူအန်း Marquis အိမ်​​တော်​က သခင်​မက........."

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now