141: စုန့်ချင်းယန်ကို ရိုက်နှက်ခြင်း

1.3K 187 12
                                    

အဲ့တာက အညိုရောင်အစောင့်ဝတ်စုံကို ဝတ်ထားပြီး ဓားရှည်တစ်လက်ကိုင်ထားတဲ့ လူတစ်ယောက်ပင်။ သူ့အသွင်အပြင်က ထိုင်းမှိုင်းနေကာ စုန့်ချင်းယန်ဆီကို ခြေတစ်လှမ်းချင်းစီ လျှောက်လာလေသည်။

"ရှင်ဘယ်သူလဲ"
စုန့်ချင်းယန် ဖျတ်ခနဲ ဝေ့ကြည့်ကာ မေးလိုက်ပေမဲ့ အစောင့်နှစ်ယောက် ဝါးခုံကို ထမ်းကာ ဝင်လာသည်ကို တွေ့လိုက်ရသည်။ ဝါးခုံပေါ်တွင် ဇီးရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ဦး ထိုင်နေကာ သူမက သိမ်မွေ့နူးညံ့သည်ပုံ ပေါက်နေလေသည်။ သူမမျက်နှာလေးက ဖျော့တော့နေသည်။ သူမက ချင်းပေ့မင်းသမီး ချင်းယွီယမ်ပဲ

စုန့်ချင်းယီ သူမကို အံ့အားသင့်စွာ ကြည့်လိုက်ကာ
"မင်းသမီးချင်း!''
ဒီအချိန်မှာ သူမက ဒိန်ချဉ်ဆိုင်ရှေ့မှာ ရပ်ပြီး လူတွေ ဒိန်ချဉ်အတွက် တိုက်ခိုက်နေကြတာကို ကြည့်နေရမှာမဟုတ်ဘူးလား ဘာလို့ ချင်းယွမ်ကို ရောက်နေတာလဲ

ချင်းယွီယမ် သူမကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။
"သူမကို သင်ခန်းစာပေးလိုက်''

"ဟုတ်ကဲ့"
အစောင့်တွေ ရှေ့ထွက်လာကာ စုန့်ချင်းယီမျက်နှာကို အဝတ်နဲ့ အုပ်လျက် သူမပါးများကို ဂါရဝပြုလေသည်။

"ဟေး!!''
လက်ဝါးများက မိုးပေါက်တွေလို သူမမျက်နှာပေါ် ကျလာပြီး သူမမျက်နှာက လည်ထွက်နေကာ ဟိုဘက်သည်ဘက် ယိုင်နေသည်။ သူမရဲ့ ဘယ် ညာ ပါးနှစ်ဖက်ကလဲ ပူနေကာ သတိလစ်မတတ် ဖြစ်နေပြီး ပါးစပ်မှာလဲ အပြည့် ဖြစ်နေပေပြီ။

စုန့်ချင်းယီ အိမ်မက်ကနေ လန့်နိုးလာကာ ချင်းယွီယမ်ကို ကြည့်လိုက်ကာ
"ဘာမှားနေလို့လဲ မင်းသမီးချင်း ဘာလို့ ကျွန်မကို ရိုက်တာလဲ"

"ဘာလို့လဲဆိုတော့ နင်ပေးတဲ့ လုပ်နည်းက အတုကြီးမို့လို့ပဲ"
ချင်းယွီယမ် အော်ပြောလိုက်သည်။ သူမမျက်လုံးတို့မှာလဲ ဒေါသကြောင့် မီးလို နီရဲနေလေသည်။ ဒီလုပ်နည်းအတုကြောင့် အဆင့်အတန်းနိမ့်တဲ့လူတွေရဲ့ လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ ဆဲရေးခံရသည်။ ပျက်ဆီးလုနီးပါးပင်။ လမ်းတစ်လျှောက်လုံး လူတွေက သူမကို လက်ညှိုးထိုးကာ တီးတိုးပြောကြသည်။ ချင်းရန်မြို့တော်တွင် သူမက လုံးဝကို ဂုဏ်သိက္ခာမရှိတော့ပေ။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now