146: တိုက်ခိုက်ခြင်းကို ရွေးချယ်ခြင်း

1.1K 176 22
                                    

တစ်ကိုယ်လုံးက အရိုးတွေ ပြန့်ကျဲသွားသလို ပြင်းထန်တဲ့ နာကျင်မှုကို ခံစားလိုက်ရကာ သူမ မုရုံရွှယ်ကို ကြည့်လိုက်သည်။ မုရုံရွှယ် အသက်ရှင်နေသေးတာကို မြင်လိုက်တဲ့အခါ သူမရဲ့ ထက်ရှတဲ့ မျက်လုံးက ဒေါသအဖြစ် ပြောင်းသွားကာ အစိမ်းလိုက် ဝါးစားမတတ်ဖြစ်နေသည်။ စက္ကူလို ဖြူစုတ်နေတဲ့ ထိုလှပတဲ့ မျက်နှာလေးကတော့ တိရှီရဲ့ မြေးမ စုနန်ရှန်းပင်။

မုရုံရွှယ် လှောင်ပြုံးပြုံးလိုက်သည်။ သူမနားမှာ မုလျိုဖုန်း နဲ့ စုနန်ရှန်းသာ ရှိသည်။ ပျင်းရိနေတဲ့တစ်ယောက်က သူမနဲ့ ရန်ငြိုးမရှိတဲ့အပြင် သူမဘေးမှာ ရပ်နေတာ ဖြစ်သည်။ ဒီတော့ သူမကို ရည်ရွယ်ချက်ရှိရှိ ရေထဲတွန်းချတဲ့သူက စုနန်ရှန်းဆိုတာ သံသယဝင်စရာပင် မလိုချေ။ စုနန်ရှန်းရဲ့ ဒဏ်ရာကလဲ သူမရဲ့ ကိုယ်ပိုင်အမှားကြောင့် ဖြစ်တာ ဖြစ်သည်။ သူမက ဒီလိုဖြစ်ဖို့ တောင်းဆိုနေတာပင်။

ရေထက်မှာ မနာမကျင် ရှိနေတဲ့ မုရုံရွှယ်ကို ကြည့်ရင်း ယွမ်ဖန်ဖေးရဲ့ ထက်ရှတဲ့ မျက်လုံးက ကျဉ်းမြောင်းသွားသည်။ ဒီမိန်းမက သူမကို ပြဿနာဖြစ်စေကာ သူမလက်ဝါးချက်ကိုတောင် ရှောင်လိုက်နိုင်တာက သူမကို အရူးဖြစ်သွားစေသည်။ ယွမ်ဖန်ဖေး လက်ကို ဒေါသကြီးစွာ ဝေ့ယမ်းလိုက်သည်။ ထက်ရှပြီး အားပြင်းတဲ့ အင်အားတစ်ခုက မုရုံရွှယ်ဆီ အညှာအတာကင်းမဲ့စွာ ပြေးဝင်သွားသည်။
"ဖယ်စမ်း''

မုရုံရွှယ်ရဲ့ သတိကြီးနေတဲ့ မျက်လုံးက တိုက်ခိုက်တဲ့သူကို အလျင်အမြန် အာရုံစိုက်လိုက်သည်။ သူမ လက်ဝါးကို ထုတ်လိုက်ကာ လာနေတဲ့ အင်အားကို မျက်တောင်မခတ်ဘဲ ခုခံလိုက်သည်။ ဘန်း! ကျယ်လောင်တဲ့အသံနဲ့အတူ အင်အားနှစ်ခု တိုက်မိကာ မုရုံရွှယ် လွင့်သွားသည်။

ဒါပေမဲ့လဲ သူမ အနှောင့်အယှက်မရှိ နေနိုင်သွားလိုက်ကာ ထိုအင်အားကို ငှါးသုံးလျက် အနောက်ကို အမြန်ဆုတ်ကာ ဇိမ်ခံလှေပေါ် အသာအယာကျသည်။ သူမရဲ့ နက်မှောင်တဲ့ မျက်လုံးမှာ အပြုံးနည်းနည်းလက်သွားကာ
"ကူညီမှုအတွက် ကျေးဇူးတင်ပါတယ် ယွမ်မိန်းကလေး"

ဒါကို ကြားတဲ့အခါ ယွမ်ဖန်ဖေးရဲ့ အနည်းငယ်နက်ရှိုင်းနေတဲ့ မျက်လုံးက ချက်ချင်း နက်မှောင်သွားသည်။
"ငါ့ကို အရူးလုပ်ရဲတယ်!''
အံကြိတ်ကာ ပြောရင်း ဗုံပေါ်က သစ်သားတူကို လေးလေးနက်နက် ရိုက်လိုက်သည်။ သူမခြေမက ကြမ်းပြင်မှာ အားယူရင်း သူမရဲ့ သန်မာတဲ့ ခန္တာကိုယ်က ချက်ချင်း လေထဲ ပျံသန်းသွားသည်။ သူမ လက်ဝါးတို့ကို ဘယ် ညာ ထုတ်လွှတ်လိုက်ကာ အညှာအတာကင်းမဲ့စွာ မုရုံရွှယ်ဆီ ထုတ်လွှတ်လိုက်သည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Onde histórias criam vida. Descubra agora