32

9.5K 1K 38
                                    

(Shizi ရှိဇီ - အ​မွေဆက်​ခံသူ ချင်းဝမ်​ရဲ့ အ​မွေဆက်​ခံသူ မင်းသား အ​ခြေခံအားဖြင့်​ ဧကရာဇ်​အကိုရဲ့သား
ချင်းဝမ်​ - မင်းသားရဲ့ ပထမကြင်​ယာက ​မွေးတဲ့ ​တော်​ဝင်​​သွေးပါသူ မင်းသား)

"ငါနင့်​ကို​ကောင်း​ကောင်းမသိဘူး ဒါ​ကြောင့်​ ဘာမှ ​ပြောစရာမရှိဘူး"
မုရုံရွှယ်​ ​အေးစက်​စွာ ​ပြောလိုက်​တယ်​ သူမရဲ့ လှပတဲ့ မျက်​နှာ​လေးဟာ တည်​တင်း​နေပြီး သူမရဲ့ မျက်​လုံးထဲမှာ ​အေးစက်​မှုအ​ငွေ့အသက်​သာ ဖုံးလွှမ်းထားတယ်

တုချန်​ကျန်း (Du Chenjiang) ရဲ့ နှလုံးသားက​နေ  သူမ​ကို လှည့်​စားမှု​တွေ လုပ်​တာကို ကြည့်​​နေတယ်​ သူ့ရဲ့ ညစ်​ညမ်းတဲ့ မျက်​လုံးက သူမရဲ့ ခန္တာကိုယ်​နဲ့ မျက်​နှာမှာ ​ရောက်​​နေတယ်

   " ဘယ်​လို​ပြောလိုက်​တာလဲ ကိုယ်တို့​တွေက ဝမ်းကွဲ​မောင်နှမ​တွေ​လေ နင်​ငါ့ကို မသိဘူး "
   "သွားစမ်း"

မုရုံရွှယ်​ သူ့ရဲ့ ဗလုံးဗ​ထွေး​ပြော​နေတာကို ဖြတ်​​ပြောလိုက်​ပြီး ​အေးစက်​စွာ စိုက်​ကြည့်​လိုက်​တယ်​ တုအိမ်​​တော်​က လူ​တွေက ဥစ္စာအာဏာမက်​သလို မိန်းမလဲ လိုက်​စားတယ်​ သူမအချိန်​​တွေကို ဒီလိုလူ​တွေနဲ့ စကား​ပြောပြီး မဖြုန်းပစ်​ချင်​ဘူး

တခစ်​ခစ်​ရယ်​သံ​လေးက ထွက်​​ပေါ်လာတယ်​ အဲ့လိုကျိတ်​ရယ်​မှုက တုချန်​ကျန်းကို ရှက်​ရွံ့​စေတယ်

မုရုံရွှယ်​ကို စိုက်​ကြည့်​လိုက်​ပြီး

  " မုရုံရွှယ်​ မင်းသားကျင်းက မင်း​ကို ကို​ယ်​လုပ်​​တော်​အဖြစ်​ တင်​​မြောက်​တဲ့အခါ မင်း​​ကြောက်​​နေမှာကို ငါစိုးရိမ်​လို့ပါ  ဒါ​ကြောင့်​ ငါလာနှစ်​သိမ့်​​ပေးတာ ကြမ်းကြမ်းတမ်းတမ်း မဆက်​ဆံပါနဲ့ကွာ"

သူ ချန်းအိမ်​​တော်​မှာ ဧည့်​သည်​အဖြစ်​ ​ရောက်​သွားတုန်းက. မုရုံရွှယ်​ကို မ​တော်​တဆ ​တွေ့ခဲ့ရတယ်​ သူမရဲ့ လှပတဲ့မျက်​နှာ​လေးနဲ့ ခန္တာကိုယ်​က သူ့စိတ်​ကို ပြင်းပြ​စေတယ်​ သူ့ကို ရပ်​တန့်​​စေတာက​တော့ သူမက မင်းသားကျင်းရဲ့ ဇနီးဖြစ်​လာမဲ့သူ ဆိုတာ ကြားပြီးတဲ့အခါမှာပါ သူဆက်​မလှုပ်​ရှားရဲ​တော့ဘူး

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now