82+83

3.3K 416 7
                                    

Zawgyi

82

ကိုယ်မင်းကို တပ်စခန်းဆီလိုက်ပို့ပေးမလို့! အိုးရန်ရှောင်ချန်က တိုတိုတုပ်တုပ်ပြောကာ သူ့ရဲ့သန်မာတဲ့လက်မောင်းတွေနဲ့ သူမခန္ဓာကိုယ်ကို သိုင်းဖက်ပြီး သူမကိုနေရာတကျကိုင်ထားလိုက်တယ်။ သူမလက်ထဲက မြင်းဇာတ်ကြိုးကိုလည်း ယူလိုက်သေးတယ်။

မုရုံရွှယ်နောက်ကျောက အိုးရန်ရှောင်ချန်ရဲ့ရင်ဘတ်နဲ့ နီးကပ်နေတယ်။ သူမခေါင်းဘယ်လောက်မော့မော့ ခေါင်းဘယ်လောက်ငုံ့ငုံ့ သူ့မျက်နှာကိုမြင်နေရတာကြောင့် မသက်မသာနဲ့သူ့အကြည့်တွေကို ရှောင်လွှဲကာ တိတ်တဆိတ်သူနဲ့ဝေးဝေးနေနိုင်အောင်လုပ်နေတယ်။ မြင်းဘယ်လိုစီးရလဲဆိုတာ ကျွန်မသိတယ်၊ ရှင်လိုက်ပို့ပေးစရာမလိုဘူး

ချောက်ကမ်းပါးပေါ်က ပြုတ်ကျပြီးတာတောင်မှ သေချာပြောနေနိုင်သေးတယ်? အိုးရန်ရှောင်ချန် သူမကိုအထင်သေးသလိုကြည့်လိုက်တယ်။

မုရုံရွှယ်မျက်နှာ မည်းမှောင်သွားပြီး ဒေါသတကြီးပြောလိုက်တယ် အဲ့တာက ဒီတိုင်းမတော်တဆဖြစ်တာလေ သိရဲ့လား?

ကိုယ်သာမင်းကို တပ်စခန်းအထိ တစ်ယောက်တည်းစီးသွားခွင့်ပေးလိုက်ရင် နောက်မတော်တဆတစ်ခုက ဖြစ်လာလိမ့်မယ်! အိုးရန်ရှောင်ချန် မုရုံရွှယ်ကို ဟာသလုပ်နေတယ်။ သူဇာတ်ကြိုးကိုကိုင်ပြီး အရှေ့ကိုသုတ်ခြေတင်ခိုင်းလိုက်တယ်။

မုရုံရွှယ်ဝတ်ထားတဲ့ အပြာနုရောင်ဝတ်ရုံက တင့်တယ်စွာလှုပ်ခတ်နေပြီး အိုးရန်ရှောင်ချန်က နှင်းလိုဖြူစွတ်နေတဲ့ ဝတ်ရုံရှည်ကိုဝတ်ထားတယ်။ တကယ်ကိုကြည့်ကောင်းလွန်းတဲ့မြင်ကွင်းလေးဖြစ်တယ်။

ကောဟွေ့က မြင့်တက်လာတဲ့နေကိုကြည့်ပြီး ပြောလိုက်တယ် ထိုင်နေပါ၊ ရှောင်းဟုမ်းရယ် မြင်းကို ကြာပွတ်နဲ့ရိုက်ပြီး အမြင့်ဆုံးအရှိန်နဲ့ ခြေထောက်တွေကို လှုပ်ရှားစေတယ်။

မုရုံကျန်း မြေပြင်ပေါ်မှာ အမြစ်တွယ်သလို ရပ်နေတယ်။ တဖြည်းဖြည်းဝေးကွာသွားတဲ့ မြင်းတွေကို စိုက်ကြည့်နေမိတယ်။ သူ့ရဲ့စူးရှတဲ့မျက်လုံးတွေကိုလည်း မှေးကျဉ်းထားတယ် : အိုးရန်ရှောင်ချန်က မုရုံရွှယ်ကိုသိတယ်? သူမနဲ့ အရမ်းလည်းရင်းနှီးပုံပေါ်တယ်

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now