151: မင်းသားအိုးရန် အဆိပ်မိခြင်း

1.3K 174 18
                                    

မုရုံရွှယ် ရပ်တန့်သွားသည်။ အတိတ်တွင် ကောင်းကျိုးအများကြီး ဆောင်ထားတဲ့လူတွေက ဧကရာဇ်ရဲ့ နှစ်သက်မှုကြောင့် ဆုရတတ်သည်။ ဘာကြောင့် သူမ ကိုယ်လိုချင်တာကို တောင်းဆိုခွင့်ရတဲ့သူ ဖြစ်သွားရတာလဲ

သူမ လျင်မြန်စွာ အိုးရန်ရှောင်ချန်ကို လှည့်ကြည့်လိုက်တော့ အိုးရန်ရဲ့ ထူထဲတဲ့ မျက်ခုံးတို့က တွန့်နေသည်ကို တွေ့လိုက်ရသည်။ ကြည့်ရတာ သူလဲ အခြေအနေကို နားမလည်ဘူး ထင်သည်။

မုရုံရွှယ်မျက်လုံးက လက်သွားကာ ဧကရာဇ်ကို ညင်သာစွာ ပြောလိုက်သည်။
"အသိအမှတ်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ကျွန်တော်မျိုးမမှာ အရာအားလုံး ပြည့်စုံတဲ့အတွက် တောင်းဆိုစရာမရှိပါဘူး''

"ကိုယ်တော် မင်းကို အခွင့်အရေးပေးပြီးသား ပြန်ရုတ်သိမ်းလိုက်ရင် ကိုယ်တော်က စကားမတည်တဲ့လူ ဖြစ်သွားမှာပေါ့''
ဧကရာဇ် မျက်လုံးလက်လျက် မုရုံရွှယ်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒါက....''
မုရုံရွှယ် မျက်မှောင်ကြုတ်ကာ
"အခု ဘာတောင်းဆိုရမှန်း မသိသေးပါဘူး''

သူမရဲ့ ရှက်နေတဲ့ မျက်နှာကို ကြည့်ပြီး ဧကရာဇ်ရဲ့ နှုတ်ခမ်းက ကွေးတက်သွားပေမဲ့ ချက်ချင်းပျောက်ကွယ်သွားကာ အသံကို မြှင့်ကာ ပြောလိုက်သည်။
"ဒါဆို မင်း စဉ်းစားပြီးတဲ့အခါ ကိုယ်တော့်ကို လာပြော ဟုတ်ပြီလား ဘယ်လိုတောင်းဆိုမှုမျိုးမဆိုနော်''

နောက်ဆုံးနှစ်လုံးကို ရည်ရွယ်ချက်ရှိရှိ ဖိပြောလိုက်သည်က ဧကရီ၊ ကိုယ်လုပ်တော်၊ ပြည်သူတွေနဲ့ ရုံးတော်အရာရှိတွေအကုန်လုံးကို အံ့အားသင့်သွားစေသည်။ ဧကရာဇ်က မုရုံရွှယ်ကို ကတိကြီးကြီးမားမား ပေးလိုက်ပေပြီ သူမလိုချင်တာကို တောင်းဆိုလို့ရသည်။ ရွှေ၊ ငွေ၊ ရတနာတွေ၊ အာဏာနဲ့ ဂုဏ်ထူး ဘာပဲဖြစ်ဖြစ်။

တစ်ခဏအတွင်းမှာပင် အားလုံးရဲ့ အကြည့်ထဲ၌ မနာလိုမှု၊ အသိအမှတ်မပြုခြင်းနဲ့ ဒေါသတို့ ရောပြွန်းနေကာ အကြည့်တိုင်းက မုရုံရွှယ်ဆီ ကျရောက်သွားသည်။

မုရုံရွှယ် ခံစားချက်မရှိပုံဖြင့် ညင်သာစွာ ပြုံးလိုက်ကာ
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး ''

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now