133: နောက်ဆုံးတော့ စေ့စပ်ပွဲဖျက်နိုင်ခဲ့ပြီ

1.5K 220 17
                                    

"အလောင်းအစား? စေ့စပ်ပွဲဖျက်မယ်? ဘာတွေဖြစ်နေတာလဲ"
ကြာပန်းအဆောင်အနီးရောက်နေတဲ့ အရင်မင်းသားကျင်း ရုတ်တရက် ရပ်တန့်သွားသည်။ သူ သူ့သားကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။

နန်းတွင်းသမားတော်စန်းက သူ့အဖေရဲ့ နှလုံးသွေးကြောတွေ ထိခိုက်သွားပြီး သူမကုနိုင်တော့တဲ့အကြောင်း ပြောလာခဲ့သည်။ မုရုံရွှယ်ကလဲ အိမ်မှာပဲ နေတဲ့သူဆိုတော့ သူ့အဖေကို မကုနိုင်လောက်ဘူးဆိုပြီး သူတွေးခဲ့လို့ သူ အလောင်းအစားလုပ်ခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ အလှည့်အပြောင်း ဖြစ်သွားကာ သူ့အဖေက အဆိပ်မိခဲ့ပြီး မုရုံရွှယ်က သူ့ရဲ့ ဆရာအဆင့်ကျွမ်းကျင်မှုနဲ့ သူ့အဖေကို ကယ်နိုင်ခဲ့သည်။

"မင်းသားကျင်း ဘာလို့စကားမပြောတော့တာလဲ ဘာလဲ ရှင့်စကားကို ပြန်ရုတ်သိမ်းချင်နေတာလား"
မုရုံရွှယ် အပြုံးတုလေးနဲ့ သူ့ကို ကြည့်လိုက်သည်။

"မဟုတ်ပါဘူး"
ရိရီချန်း အေးစက်စွာ ငြင်းဆိုလိုက်သည်။

တကယ်တော့ သူ ကတိဖျက်နိုင်ဖို့ တကယ်ကို ဆု​တောင်းမိသည်။ ဒါပေမဲ့ သူနဲ့ မုရုံရွှယ် လောင်းနေတဲ့အချိန်မှာ အိုးရန်ရှောင်ချန်နဲ့ တုန့်ဖန်းလီတို့ ရှိနေပြီး စကားလုံးတိုင်းကို ကြားခဲ့ကြသည်။

အိုးရန်ရှောင်ချန်က ရှောင်းယောင်အိမ်တော်ရဲ့ သားတစ်ယောက်ဖြစ်ကာ အလုံးစုံသိနိုင်တဲ့စိတ်ရှိပြီး ကျော်ကြားသည်။ တုန့်ဖန်းလီကလဲ ရှီလျန်ပြည်ရဲ့ မင်းသားဖြစ်ကာ တော်ဝင်သွေးရှိပြီး အာဏာရှိသည်။
နှစ်ယောက်လုံးက မုရုံရွှယ် ရဲ့ သက်သေတွေဖြစ်ကာ မုရုံရွှယ် ပြောသမျှကို လူတိုင်းယုံကြည်ကြလိမ့်မည်။ ဒါကြောင့် သူသာကတိဖျက်လိုက်လျှင် တကမ္ဘာလုံးက သူ့ကို အထင်သေးကာ အပြစ်တင်ကြပေလိမ့်မည်။

"ရှင် ဆွံ့အနေတာလား"
မုရုံရွှယ် မျက်မှောင်ကြုတ်ကာ သူ့ကို ကြည့်လိုက်သည်။

"ဒါပေမဲ့ ငါတို့စေ့စပ်ပွဲက ငါတို့မိဘတွေ စီစဉ်ခဲ့တာလေ ဒါကြောင့် ဒါက သူတို့ဆုံးဖြတ်ချက်ပဲ ငါတို့ ဒီမှာပဲ အမြန်ဖျက်လိုက်မယ်ဆို မင်းကို မလေးစားသလို ဖြစ်သွားလိမ့်မယ်"
ရိရီချန်း ပြောပြမရတဲ့ အမူအရာနဲ့ ရေရွတ်လိုက်သည်။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now