53

6.8K 913 27
                                    

၅၃။ ​ပြောင်​​မြောက်​လှ​သော အကြံအစဉ်

အဲ့ဒီလူက အစိမ်း​ရောင်​ဝတ်​စုံကို ဝတ်​ဆင်​ထားပြီး သူ့ရဲ့အင်္ကျီလက်​ နဲ့ ​ကော်​လံအနား​တွေကို ​ငွေ​ရောင်​ပန်းကနုတ်​များလှပစွာထိုးထားပြီး ​ကျောက်​မြတ်​ရတနာ​တွေမျိုးစုံနဲ့စီမံထားတဲ့ ခါးပတ်​ကိုလည်းခါးမှာဝတ်​ဆင်​ထားပြီး သူ့ရဲ့ ညာဘက်​လက်​မှာလည်း အ​ရေအ​သွေး​ကောင်းတဲ့ ​ကျောက်​စိမ်းလက်​စွပ်​တစ်​ခု​ကိုဝတ်​ဆင်​ထားတယ်​။ သူ့ရဲ့ပုံပမ်းသဏ္ဍန်​ကထူးခြားပြီး အ​လွန်​​ချော​မောလှပတယ်​။ သူက မင်းသား ၄ ရိထမ်းချီ။

"မင်းသား ၄ ကို နှုတ်​ဆက်​ပါတယ်​။" ရှုနျာန်းရှန်းက ရို​သေစွာနှုတ်​ဆက်​လိုက်​တယ်​။ သူမရဲ့ မက်​မန်းနီ​ရောင်​ဝတ်​စုံ​လေးက ​မြေကြီး​ပေါ်ပုံကျ​နေပြီး သူမရဲ့အလှဟာ တကယ့်​ကို ညှို့ယူဖမ်းစားနိုင်​လွန်းတယ်​။ ရီထမ်းချီက ရှုနျာန်းရှန်းနဲ့ ​တွေ့ရတာသ​ဘောကျတဲ့ပုံစံနဲ့ ပြုံးပြပြီး "အားလုံး ညစာစားခန်းထဲ​မှာ ညစာစား​နေတာကို မင်းကဘာလို့ဒီ​ရောက်​​နေတာလဲ။"

"ညစာစားခန်းထဲမှာ မွန်းကြပ်​လို့ အပြင်​ထွက်​လမ်း​လျှောက်​​နေတာ။ပြီးတော့သူငယ်​ချင်း ၂​ယောက်​နဲ့​တွေ့လို့ပါ။" ရှုနျာန်းရှန်းက ယဉ်​​ကျေးသိမ်​​မွေ့စွာ​ပြောလိုက်​တယ်​။ သူမဟာ တကယ်​ကိုလှပတဲ့သူတစ်​​ယောက်​​ပေမဲ့ တခြား​ယောကျာင်္း​​တွေကို လုံးဝစိတ်​မဝင်​စားခဲ့ဘူး။ ဒါ​ပေမဲ့အခုသူ့​ရှေ့မှာရပ်​​နေတဲ့ ​ယောကျာင်္းတစ်​​ယောက်​ကပဲ သူ့ရင်​​တွေ​ကို​ ​ဗြောင်းဆန်​သွား​အောင်​ လုပ်​နိုင်​တယ်​။

ရိထမ်းချီက သူမရှိတဲ့ဘက်​ကို ကြည့်​လိုက်​တဲ့အခါ ခြံဝင်းထဲမှာအိုးရမ်​​ရှောင်​ချန်​က တင့်​တယ်​စွာရပ်​​နေတာကို​တွေ့လိုက်​ရတယ်​။ အိုးရန်​​ရှောင်​ချန်​က​တော့ ထုံးစံအတိုင်း သူ့မျက်​နှာ​လေးက​တော့ ခမ်းနား​နေစမြဲ။

သူ့ရဲ့​ဘေးနားမှာရပ်​​နေတာက စကတ်​အရှည်​​လေးကိုဝတ်​ထားတဲ့ မုရုံရွှယ်​။ သူမရဲ့​သေးငယ်​တဲ့ မျက်​နှာ​လေးက ကြည်​လင်​ပြီးလှပ​နေ​ပေမဲ့ သူမရဲ့ မဲနက်​လှတဲ့မျက်​ဝန်း​လေး​တွေက​တော့ ​အေးစက်​​နေတယ်​။ ​နွေး​ထွေးတဲ့​နေအလင်း​ရောင်​​လေးကလည်း သူတို့(အိုးရန်​​ရှောင်​ချန်​ နဲ့ မုရုံရွှယ်​)အ​ပေါ်ကျ​ရောက်​​နေတာမို့ ပန်းချီကားချပ်​ထဲက နတ်​သား၊နတ်​သမီး​လေး​တွေ အပြင်​​ရောက်​​နေသလို။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now