50

7.2K 834 12
                                    

၅၀။ အစိတ်​စိတ်​အမွှာမွှာဖြစ်​​အောင်​ ဖျက်​ဆီးခြင်း

လူအုပ်​ကြီးတစ်​ခုလုံးရဲ့ မျက်နှာမှာ အံ့သြထိတ်​လန့်​မှု​တွေ ရွံ့ရှာမှု​တွေနဲ့အတူ မုရုံ​ရော့ရှိတဲ့​နေရာကိုအကုန်​လုံးဝိုင်းကြည့်​​နေကြတယ်။ စုန့်​ချင်းယန်​ကအခုထိငယ်​​သေးပြီး ကျိုး​ကြောင်းမစဉ်းစားနိုင်​​သေးတာလို့ပဲထင်​ထားကြတာ။ အကယ်​၍သူတို့လည်းအဲ့လို ​ချမ်းသာတဲ့မိသားစုလာတဲ့​ငွေဆ​ထောင်​​ပေါင်းများစွာပိုင်​ဆိုင်​တဲ့ သူတစ်​​ယောက်​နဲ့​ ဒီလိုမျိုးထိပ်​တိုက်​​တွေ့ရမယ်​ဆိုရင်​ မနာလိုဝန်​တိုစိတ်​ဖြစ်​ပြီး သူ့အ​ပေါ်အခွင့်​​ကောင်းယူမိမှာက သဘာဝပဲ​လေ။ ဒါ​ပေမဲ့ သူမကကြံရာပါတစ်​​ယောက်​ဖြစ်​ပြီး ​နောက်​ကွယ်​က​နေ ဒီအ​ခြေအ​နေ​တွေအားလုံးကို ကြိုးကိုင်​ထားတာက မုရုံ​ရော့ဆိုတာကို သူတို့ထင်​​တောင်​မထင်​ဘူး။

ဆိုင်​ ၆ ဆိုင်​ဇာတ်​လမ်း (​လွေ့ပုဇီ) ကအဖြစ်​အပျက်​​တွေ မုရုံ​ရော့ကို မြို့​တော်​မှာလူရယ်​စရာဖြစ်​​စေခဲ့ပြီး သူမရဲ့ဂုဏ်​သိက္ခာ​တွေ​ ​မြောင်းထဲ​ရောက်​သွား​ခဲ့တယ်​။ အဲ့အချိန်​ကတည်းကစပြီး သူမကျန်းတရာရုံးက ပစ္စည်း​တစ်​ခု​တောင်​မယူ​တော့ပဲ သူမရဲ့ ကသိက​အောက်​ဖြစ်​လွန်းတဲ့ အ​ခြေအ​နေထဲကလွတ်​​အောင်​ ပုန်းခို​နေရတယ်​။ သူမကသူတို့(မုရုံရွှယ်​) ရဲ့​ငွေ​တွေကို စုန့်​ချင်းယန်​ကိုအသုံးချပြီး လိမ်​လိုက်​မယ်​​ဆိုရင်​ အကယ်​၍ဒီကစားပွဲအတွက်​လိမ်​ထားတာ​ပေါ်သွားခဲ့ရင်​တောင်​ အားလုံးကသူမအစား သူ့ကို(စုန့်​ချင်းယန်​) ကိုပဲအပစ်​​ပြောကြလိမ့်​မယ်​။ ​ကောင်းလိုက်​တဲ့အကြံအစည်​ ဒါ​ပေမဲ့အရမ်း​ကောက်​ကျစ်​လွန်းတယ်​။

မုရုံ​ရော့ 'သူတို့အားလုံးကိုမုန်း​လိုက်​တာ။ စုန့်​ချင်းယန်​က ဘာမှမသိတဲ့ ၁၃နှစ်​သာသာပဲရှိတဲ့က​လေးတစ်​​ယောက်​။ သူတို့အစီအစဉ်​​တွေကို လူသိသွားရင်​ သူမ(စုန့်​ချင်းယန်​)ရဲ့အပြစ်​ကိုသူမဘာသာဝန်​ခံလိုက်​ရင်​ အ​ခြေအ​နေ​တွေအကုန်​တည်​ငြိမ်​သွားဦးမယ်​။ အဲ့ကျရင်​ သူမလဲအပစ်​ခံရမှာမဟုတ်​ဘူး။ ဒါ​ပေမဲ့ ငါဘယ်​​တော့မှမစဉ်းစားမိတာက သူမငါ့ကိုပါဖွင့်​​ပြောမယ်​ဆိုတာပဲ။ အခု​တော့အ​ခြေအ​နေ​တွေက တစ်​မြို့လုံးကိုဖြန့်​ပြီးသားဖြစ်​သွားပြီ။' သူမခဏ​လောက်​ငြိမ်​​နေပြီးမှ စလှုပ်​ရှားလာတယ်​....

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now