10.6K 1.2K 22
                                    

Translated by Baby_Mariee

" ဘာကို သိုင်းပညာရမှာလဲ?. ကျွန်​မက အ​စောင့်​​တွေရဲ့ သိုင်းပညာ​လေ့ကျင့်​မှုကို ​တွေ့ဖူး​နေတာပဲ​လေ .. အဲဒါကို နည်းနည်း​လောက်​ လက်​​တွေ့အသုံးချကြည့်​လိုက်​ရုံပါပဲ! " မုရုံရွှယ်​ ကျိုး​ကြောင်းဆီ​လျော်​စွာ ​ပြောလိုက်​​ပေမယ့်​ သူမ၏ မျက်​ဝန်း​တွေထဲမှာ​တော့ စိတ်​မသက်​မသာ ဖြစ်​မှုတို့ ရှိ​နေတယ်​။

ပြန်​လည်​​မွေးဖွားရတယ်​ဆိုတာ သိပ်​ကို မယုံကြည်​နိုင်​စရာ​ကောင်းတဲ့ ပုံပြင်​တစ်​ပုဒ်​လိုပဲ ... တကယ်​လို့ အဲဒီလိုဖြစ်​ခဲ့တာက သူမသာ မဟုတ်​ဘူးဆိုရင်​ ဘယ်​လိုမှ ယုံကြည်​​ပေးနိုင်​မယ့်​ အ​ခြေအ​နေမျိုးမဟုတ်​​လေဘူး။ အသက်​ဆယ့်​​လေးနှစ်​မျှသာ ရှိ​သေးတဲ့ မုရုံရယ့်​ဆို ပိုလို့​​တောင်​ ယုံကြည်​​ပေးဖို့ ခဲယဉ်းဦးမယ်​။ တကယ်​လို့ သူမသာ အမှန်​အတိုင်း​ပြောပြခဲ့ရင်​ မုရုံရယ့်​က ယုံကြည်​မှာ မဟုတ်​တဲ့အပြင်​ သူမကို ရူး​နေပြီလို့​တောင်​ ထင်​သွားနိုင်​တာမို့ ဒီအတိုင်း လျှို့ဝှက်​ထားတာကသာ အ​ကောင်းဆုံး ဖြစ်​လိမ့်​မယ်​။

"တကယ်​လား?" မုရုံရယ့်​ မျက်​​မှောင်​ကျုံပြီး ​မေးလိုက်​သည်​။ သူက သူမရဲ့ စကား​တွေကို အပြည့်​အဝ​တော့ မယုံကြည်​နိုင်​​လေဘူး။

" ဒါ​ပေါ့ .. ညီမ​လေးက ဘာလို့ လိမ်​ရမှာလဲ? " မုရုံရယ့်​က မယုံသင်္ကာနဲ့ စစ်​​မေးချင်​​နေတာကို မြင်​​တော့ မုရုံရွှယ်​ အလျင်​အမြန်​ ​ပြောလိုက်​တယ်​။ " ​နောက်​ကျ​နေပြီ ... ညီမ​လေး တိဗက်​အိမ်​​စောင့်​​ခွေးကို ​ရေသွားချိုး​ပေးလိုက်​ဦးမယ်​ ... သူက အရမ်းညစ်​ပတ်​​နေ​တော့ ​နေရတာ မသက်​မသာ ဖြစ်​​နေလိမ့်​မယ်​ "

တိဗက်​အိမ်​​စောင့်​​ခွေးဆိုတဲ့ စကားလုံးကို ကြားလိုက်​တာနဲ့ မုရုံရယ့်​ရဲ့ သံသယ​တွေက ဘယ်​နားရောက်​သွားမှန်း မသိဘဲ ကြက်​​ပျောက်​ငှက်​​ပျောက်​ ဖြစ်​သွားကာ ​တောက်​ပ​သော မျက်​လုံး​တွေနဲ့ ​ခွေးကို ကြည့်​လိုက်​တယ်​။ " ညီမ​လေး ... နင်​က ​နေ​ကောင်း​သေးတာ မဟုတ်​ဘူး​လေ ... ဒါ​ကြောင့်​ အလုပ်​ကြမ်း​တွေ လုပ်​ဖို့ မသင့်​​တော်​ဘူး .. ဒီလိုကိစ္စမျိုးက ကိုကြီးပဲ လုပ်​လိုက်​ပါ့မယ်​ "

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Donde viven las historias. Descúbrelo ahora