158

1K 107 7
                                    


#chapter158
ပွဲကြည့်စင်ထဲက ဖြာထွက်နေသော သွေးများ

(ပွဲကြည့်စင်ဆိုတာ အိမ်တော်ပါပဲနော် တရုတ်နန်းတွင်းကားတွေမှာ တစ်ခါတစ်လေ ပါပါတယ် ကြမ္မာသီသော မေတ္တာပန်း ဇာတ်ကားမှာ ပါတာ ​တွေ့ဖူးတယ်)

ဒါဆို သူတို့ ကြံစည်ခံလိုက်ရတာပေါ့....ဘယ်သူက အကျိုးအကြောင်းမစဉ်းစားဘဲ သူ့ကို ကြံစည်ရဲတာလဲ....

စုန့်ထျန်းဝမ်ရဲ့ မျက်လုံးက အေးစက်မှုတို့ လင်းလက်သွားကာ အသံကျယ်လောင်စွာ အော်လိုက်သည်။
"ကယ်ကြပါ....ကယ်ကြပါ"

"သခင်ကြီးရယ် အော်နေတာ ရပ်လိုက်ပါတော့ တံခါးစောင့်တွေနဲ့ အစေခံတွေက ပင်ပန်းနေပြီမို့လို့ ကျွန်မသူတို့ကို အနားယူခိုင်းထားပြီးပြီ လည်ချောင်းကွဲအောင် အော်ရင်တောင် ဘယ်သူမှ လာမှာမဟုတ်ဘူး"
မုရုံရော့ ပြုံးကာ ပွဲကြည့်စင်ထဲ ကျက်သ​ရေရှိစွာ လှမ်းဝင်လာသည်။ သူမခြေသံတိုင်းက သေမင်းခြေသံလိုလို။

မုရုံရွှယ် မျက်နှာ စိမ်းဖန့်သွားကာ တွေးလိုက်သည်။ မုရုံရော့က သူမကံကြမ္မာကို အလွယ်တကူ လက်ခံမဲ့လူစား မဟုတ်ပေ။ သူမက သူမရဲ့ ခင်ပွန်းဟောင်းရဲ့ အပျော်မယားရှိနေတဲ့ အိမ်ကို လာတာက သူမရဲ့ အသွင်းပစ္စည်းတွေကို မေးဖို့အတွက်တင် မဟုတ်ဘဲ တခြားရည်ရွယ်ချက်ရှိပုံပင်။

နှုတ်ခမ်းကို လှပစွာ ကွေးညွတ်လိုက်ရင်း မုရုံရွှယ် အရိပ်ထဲ ပိုမိုတိုးဝင်လိုက်ကာ ပြဇာတ်ကို ဆက်ကြည့်နေလေသည်။ နောက်ထပ်လာမဲ့ အပိုင်းက အရမ်းစိတ်လှုပ်ရှားစရာကောင်းပေလိမ့်မည်ပင်။

စုန့်ထျန်းဝမ် မုရုံရော့ကို ထက်ရှတဲ့ မျက်လုံးအစုံတို့နဲ့ ကြည့်လိုက်ပြီး
"မင်းပဲ"

"ဒါပေါ့ ကျွန်မက ရှင့်ကို ကြံစည်တဲ့သူပဲ"

မုရုံရော့ ပွဲကြည့်စင်အတွင်းထဲထိ ဆက်ဝင်လာပြီး စုန့်ထျန်းဝမ်ကို အထက်စီးကနေ ကြည့်နေလေသည်။ သူမမျက်လုံးထဲက ခပ်ရေးရေးထင်ဟပ်နေတဲ့ မုန်းတီးခြင်းနဲ့ အေးစက်မှုတို့က စုန့်ထျန်းဝမ်ကို စိုးရိန်စိတ် ဝင်လာစေသည်။
သူ့နှလုံးသားထဲက ဆိုးရွားတဲ့ ခံစားချက်တစ်ခုကို ရလိုက်ပြီး အသံအက်အက်ဖြင့် ပြောလိုက်သည်။
"မုရုံရော့ ဘာလိုချင်တာလဲ"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now