28

10.2K 1.2K 115
                                    

စူးရှထက်​မြက်​တဲ့ သိမ်းငှက်​လို မျက်​ဝန်းတစ်​စုံက ​ချောက်​နက်​ကဲ့သို့ အရာအားလုံးကို ဝါးမြိုသွားမ​ယောင်​ ခံစားရ​စေတယ်​ မြစ်​ ရာ​ပေါင်းများစွာ စီးဆင်း​နေတဲ့ အထဲကို ရုတ်​တရက်​ ကျသွားသလိုမျိုး ဘယ်​​တော့မှ ကမ်းကို ပြန်​မလာနိုင်​​လောက်​တဲ့ ခံစားမှုမျိုးကိုလည်း ​ပေးစွမ်းနိုင်​တယ်

အဲ့မျက်​လုံး​တွေက ဂုဏ်​သီတင်းကြီးမားတဲ့ လူကို ကိုယ်​စားပြု​နေတယ်​ သူက ​ကြော့ရှင်း​ပေမဲ့ တစ်​ချိန်​တည်းမှာပဲ အန္တရာယ်​ကိုလည်း ခံစားမိ​စေတယ်​ သူမတတ်​နိုင်​သ​လောက်​ သူနဲ့​ဝေးရာကို သွားတာ အ​ကောင်းဆုံးပဲ

အိုးရန်​​ရှောက်​ချန်​ကို သုံးသပ်​ပြီးတဲ့​နောက်​ မုရုံရွှယ်​ သူမအကြံကို ချက်​ချင်းအ​ကောင်​အထည်​​ဖော်​လိုက်​တယ်​ ဒါမဲ့ သူမကို အဲ့လိုလုပ်​ခွင့်​မ​ပေးပဲ သူမ​ရှေ့မှာရပ်​ပြီး သူ့ရဲ့ရှည်​လျားတဲ့လက်​​မောင်းကြီးနဲ့ ​ပွေ့ဖက်​ကာ သူမခမျာ သူနဲ့ သနားစရာ နံရံကြားမှာ ညှပ်​​နေရတယ်

သူ့ရဲ့ မျက်​လုံးနက်​နက်​ကြီးနဲ့ သူမကို ​ငေးစိုက်​ကြည့်​ကာ

"အခု ဘယ်​သွားမို့လဲ"

ဝါးနံ့လိုမျိုးအနံ့က သူမခန္တာကိုယ်​ကို ရစ်​ပတ်​​နေသလို မြူ​ငွေ့​တွေက ကန်​ပတ်​လည်​မှာ ရှိ​နေတယ်​ သူ့ရဲ့ ​နွေး​ထွေးတဲ့ ဝင်​သက်​ထွက်​သက်​ကလည်း သူမပါး​ပေါ် လာ​ရောက်​ ရိုက်​ခတ်​​နေတယ်

မုရုံရွှယ်​ သူမအားနဲ့ ရုန်းကန်​လိုက်​​ပေမဲ့ အိုးရန်​​ရှောက်​ချန်​က သူမထက်​ ပိုသန်​မာ​နေတယ်
အဲ့ဒီအပြင်​ သူမက သူ့လက်​ထဲမှာဆို​တော့ သူ့လက်​က လွတ်​​အောင်​ထွက်​​ပြေးနိုင်​​ချေ သုညပဲ

သူတို့ တစ်​မြို့ထဲမှာ ​နေကြ​ပေမဲ့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ ခလုတ်​တိုက်​ပြီး​တောင်​ မဆုံဖူးဘူး က​တောက်​ကဆ ​သေး​သေး​လေး​ကြောင့်​ဆိုရင်​​တော့ အဲ့ဒါကို အခုပဲ ​ဖြေရှင်းသင့်​ပြီ

သူမ​ခေါင်း​မော့ကာ အိုးရန်​​ရှောက်​ချန်​ကို မျက်​နှာချင်းဆိုင်​လိုက်​တယ်

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now