111: သင်ခန်းစာ

1.5K 171 8
                                    

စုနန်ရှန်း လေးပင်စွာဖြင့် သက်ပြင်းချလိုက်ကာ
"ကျွန်မတို့က ဘာအင်အားမှမရှိတဲ့ မိန်းမသားနှစ်ယောက်လေ သူမက အစောင့်တွေနဲ့  သွားလာတာ ကျွန်မတို့ သူမကို သွားရှာရင် သူမကို သွားဆွသလို ဖြစ်နေမှာပေါ့ ဒီတော့ ကျွန်မက သူ့ကို ဘယ်လိုလုပ် သင်ခန်းစာပေးနိုင်မှာလဲ"

ဒေါသထွက်နေတဲ့ မီအာက ထုတ်ပြောလိုက်သည်။
"ဒါကြောင့် မောက်မာတဲ့လူတွေက  သာမန်လူတွေကို အနိုင်ကျင့်ကြတာပေါ့ ဥပဒေမရှိတဲ့အတိုင်းပဲ  .."

သနားစရာအကူအညီမဲ့နတေဲ့ စုနန်ရှန်းနဲ့ သူမအစေခံမေလးကို ကြည့်ရင်း တုန့်ဖန်းလီ သနားသွားကာ ပြောလိုက်သည်။
"အိမ်တော်ရဲ့ ပထမသမီးကြီးက သင်ခန်းစာပေးဖို့ လိုနေပြီပဲ မင်းအလိုရှိရင် ကျွန်တော် မင်းကို ကူညီပေးနိုင်ပါတယ်"

"တကယ်လား"
မီအာ ဝမ်းသာသွားကာ
"ကျေးဇူးအများကြီး တင်ပါတယ်"

တုန့်ဖန်းလီ ညင်သာစွာ ပြုံးလိုက်ပြီး
"ရပါတယ် အဲ့အိမ်တော်ရဲ့ သမီးက ဘယ်မှာလဲ"

"သူမ ဒီလမ်းအတိုင်း သွားတာ တွေ့လိုက်တယ်"
မီအာ ရှေ့တည့်တည့်သို့ ညွှန်ပြလိုက်သည်။

တုန့်ဖန်းလီ သူမညွန်ပြတဲ့အတိုင်း လှည့်ကြည့်လိုက်တော့ ဆိုင်ဘုတ်ကြီး တစ်ခုကို တွေ့လိုက်သည်။ 'လင်းကျန်းလော်'
'တိုက်ဆိုင်လိုက်တာ အိုးရန်ရှောင်ချန်နဲ့ သူ့ချစ်သူကလဲ လင်းကျန်းလော် မှာပဲ မဟုတ်ဘူးလား'
တုန့်ဖန်းလီ ရေရွတ်လိုက်သည်။
(T/N- ကျန်းလင်စားသောက်ဆိုင်=လင်းကျန်းစားသောက်ဆိုင်=လင်းကျန်းလော်- တူတူပဲနော်😁)

"မင်းသားခုနစ် ဘာမှားနေလို့လဲ"
စုနန်ရှန်း သူ့ကို ကြည့်ကာ မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး"
တုန့်ဖန်းလီ ခေါင်းခါလိုက်ကာ ခေါ်လိုက်သည်။
"ဟော်ဖုန်း"

"ဟုတ်ကဲ့"
ဟော်ဖုန်း နားလည်စွာပင် ပျောက်ကွယ်သွားသည်။

စုနန်ရှန်း အပြုံးကြီးကြီးပြုံးကာ ရေရွတ်လိုက်သည်။
"သင်ခန်းစာပေးဖို့အတွက် တစ်ယောက်ယောက်က ကူညီတာ ကောင်းလိုက်တာ ရှီလျန်ရဲ့ နာမည်ကြီးမင်းသားတစ်ယောက်အနေနဲ့  မင်းသားခုနစ်ရှေ့မှာ အရာရာက အသေးအဖွဲ့ပါပဲ တုန့်ဖန်းလီက သွေးအေးတဲ့လူပဲ ဒဏ်ရာရတာတောင် မသေဘူး မုရုံရွှယ် နင်စောင့်နေလိုက်"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now