၁၁။ မင်္ဂလာဆောင်နေ့မှာ ဘိုးဘေးကန်တော့
မင်းသားကျင်းအိမ်တော်တွင်
ရွှီထျန်းယွီတစ်ယောက် ခြံဝင်းထဲက တန်ဖိုးကြီးလှတဲ့ သေတ္တာနက်တွေကိုကြည့်ပြီး မျက်ခုံးပင့်သွားတယ်...။ မုရုံရွယ်တစ်ကယ်ကြီး ငြင်းလွှတ်လိုက်ပြီး မင်္ဂလာကြေးကိုပြန်ပေးလိုက်တာက မင်းသားကျင်းမျက်နှာကို မြေကြီးပေါ်ရိုက်ချလိုက်သလိုပဲ။ ဘယ်လောက်တောင် မာနကြီးလိုက်သလဲ။သူ့ရဲ့အေးစက်စက်မျက်လုံးတွေနဲ့ သေတ္တာတွေသယ်နေတဲ့ အစေခံတွေကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ သူတို့မျက်နှာပေါ်က ဒဏ်ရာဒဏ်ချက်တွေကို တွေ့သွားတယ်...။ သူနားမလည်နိုင်ဖြစ်ပြီး မေးလိုက်တယ်... "မင်းတို့က Marquisအိမ်တော်ကို မင်္ဂလာကြေးသယ်ပေးသွားရုံပဲလေ... ဘယ်လိုဖြစ်ပြီး အကုန်လုံဒဏ်ရာတွေရလာတာလဲ...?"
"သခင်လေးရှုအမေးကိုဖြေရမယ်ဆိုရင်တော့... သခင်မလေးမုရုံရွယ်က သူ့ကို မင်းသားကလက်ထပ်ဖို့အတင်းအကျပ်လုပ်တာကို ဒေါသထွက်သွားပြီး အိမ်တော်ကအစောင့်တွေကို ကျွန်တော်တို့ကိုမောင်းထုတ်ဖို့အမိန့်ပေးလိုက်တာပါ... ကျွန်တော်တို့ အချိန်မှီမရှောင်တိမ်းနိုင်လိုက်ဘဲ အခုလိုဒဏ်ရာတွေရကုန်တာပါ..." အစေခံက တည်တည်ငြိမ်ငြိမ်နဲ့ တလေးတစားဖြေလိုက်တယ်။
ရွှီထျန်းယွီ သူ့ရဲ့စူးရှလှတဲ့မျက်ဝန်းတွေ မှေးကျဉ်းသွားတယ်... "အဲ့တာ မုရုံရွယ်ကိုယ်တိုင် အမိန့်ပေးလိုက်တာလား...?"
"ဟုတ်ပါတယ်... သခင်လေး" အစေခံခေါင်းတဆတ်ဆတ်ငြိတ်ကာ ခဏရပ်လိုက်ပြီး ဂရုတစိုက်ပြောလိုက်တယ်... "အိမ်တော်ထိန်းဝမ်လည်း မုရုံရွယ်ကြောင့် သွားနှစ်ချောင်းကျွတ်သွားတယ်..."
"တကယ်ကြီး..?" ရွှီထျန်းယွီ နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး စကားတစ်ခွန်းမှမပြောတဲ့ အိမ်တော်ထိန်းဝမ်ကို အံ့သြတကြီးနဲ့ ကြည့်လိုက်တယ်...။ သူ့ရဲ့ယောင်ကိုင်းနေတဲ့ မျက်နှာက အစေခံအမှန်တိုင်းပြောနေတယ်ဆိုတာ ပြသနေသလိုပဲ..။
YOU ARE READING
မကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်ဇနီး
Romancesummary အချိန်ခရီးသွားပုံပြင်တစ်ပုဒ် ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်တဲ့သူမဟာ အဆင့်အတန်းမြင့်မျိုးရိုးမှ လူမမာသည်မမလေး လာဖြစ်တယ် စေ့စပ်ထားတဲ့ အမျိုးသားဟာလဲ သနားကြင်နာစိတ်မရှိဘဲ သူမကို အဆင့်နိမ့် ကိုယ်လုပ်တော်နေရာပဲ ပေးမယ်...