၁၇ မင်းသားကျင်းရဲ့ အဆိပ်​ခတ်​အကြံအစည်

11.1K 1.1K 10
                                    

Translated by Baby_Mariee

နေဝန်းက အရှေ့ဘက်တောင်တန်းတွေရဲ့ အနောက်မှာ ကွန်းခိုနေပြီး ပုဇွန်ဆီရောင်တိမ်လွှာတွေက ကောင်းကင်ထက်မှာ အဆုပ်လိုက် အဆုပ်လိုက် ပွင့်ဖူးနေကြတာမို့ ကြည်လင်တဲ့ ရေမျက်နှာပြင်ပေါ်မှာ ရွှေရောင် ခပ်ရေးရေး အရိပ်ထင်နေလေတယ်။

မြစ်ကမ်းစပ်တလျှောက်မှာတော့ မြက်ရိုင်းစိမ်းစိုစိုတွေက အစုလိုက်အပြုံလိုက် ခွန်အားအပြည့်နဲ့ ပေါက်ရောက်ရှင်သန်နေကြတယ်။ ထိုမြက်ခင်းအစိမ်းရောင်ေ​ပ်ါမှာ အနီရောင်ရောယှက်ပြီး တည်ရှိနေတာက ပန်းခြံထဲ အနားယူနေတဲ့ မျက်ဝန်းနီနီနဲ့ နဂါးတစ်ကောင်လိုမျိုး ဖြစ်လို့နေတယ်။

ဒါ​ပေမယ့်​ အဲဒီအနီ​ရောင်​ဆိုတာက ပန်းပွင့်​​တွေကို ရည်​ညွှန်းတာ မဟုတ်​ဘဲ မင်္ဂလာဝတ်​ရုံကိုသာ ဆိုလိုတာ ဖြစ်​တယ်​။ အဲဒီဝတ်​ရုံရဲ့ ပိုင်​ရှင်​က​တော့ မြက်​ခင်း​ပေါ်မှာ လဲ​လျောင်းလျက်​ ရှိ​နေတယ်​။ သူ့ရဲ့ မြင့်​မားပြီး ​တောင်းတင်းတဲ့ အရပ်​နဲ့ ခန္ဓာကိုယ်​အ​နေအထားအရ သူက ​အမျိုးသားတစ်​​ယောက်​ ဖြစ်​တယ်​ဆိုတာကို သိနိုင်​တယ်​။ သူ့ရဲ့ ပိုးသား​ဆံနွယ်​ရှည်​​တွေက ရှုပ်​ယှက်​ခတ်​လို့ မျက်​နှာကို ကွယ်​အုပ်​ထားသလို ဖြစ်​​နေတာမို့ သူ့ပုံစံကို ရှင်းရှင်းလင်းလင်း မြင်​ရဖို့ ခက်​လှတယ်​။

ရုတ်​တရက်​ သူ့ရဲ့ မျက်​​တောင်​​တွေက တုန်​ခါလာပြီး မျက်​လွှာကို အားယူကာ ဖွင့်​လာတယ်​။ သူ့ရဲ့ မျက်​ဝန်း​တွေက မှိုင်းညို့​နေပြီး မရင်းနှီးတဲ့ ပတ်​ဝန်းကျင်​ကို ​ဝေ့ဝဲအကဲခတ်​​နေရင်းက တဖြည်းဖြည်းနဲ့ နက်​ရှိုင်းထက်​ရှတဲ့ အကြည့်​​တွေ ဖြစ်​လို့လာတယ်​။ သူ ချက်​ချင်းပဲ မတ်​တပ်​ရပ်​လိုက်​တာမို့ အနက်​​ရောင်​ဆံပင်​ရှည်​​တွေက ​ကျောဘက်​ကို ဝဲကျသွားပြီး သူ့ မျက်​နှာကို ရှင်းလင်းစွာ ​ဖော်​ပြလိုက်​သလို ဖြစ်​သွားတယ်​။ ​ချော​မောပြီး ​အေးစက်​တဲ့အသွင်​နဲ့ ထိုလူက မင်းသားကျင်းပဲ ဖြစ်​​တယ်​။

ဝန်းကျင်​တဝိုက်​မှာ တိတ်​ဆိတ်​​နေပြီး သက်​ရှိလူသူတစ်​ဦးတစ်​​ယောက်​မျှ မရှိ​လေဘူး။ အနီ​ရောင်​မင်္ဂလာဝတ်​ရုံမှာ ကပ်​ငြိ​နေတဲ့ ဖုန်​မှုန့်​​တွေ အမှိုက်​သရိုက်​​တွေက သူ့ကို သက်​​သောင့်​သက်​သာ မဖြစ်​​အောင်​ ပြုလုပ်​​သလို ဖြစ်​​နေတာမို့ ရီရိချန်း သူ့လက်​​ချောင်း​တွေကို လှုပ်​ရှားလိုက်​ပြီး သူ့ခန္ဓာကိုယ်​မှာ ကပ်​​နေတဲ့ အမှိုက်​​တွေ ချက်​ချင်းပင်​ ​ပျောက်​ကွယ်​သွား​အောင်​ လုပ်​ပစ်​လိုက်​တယ်​။ အဲဒီ​နောက်​မှာ မင်္ဂလာဝတ်​ရုံက သန့်​ရှင်းသွားပြီး နည်းနည်း​လေး​တောင်​ သက်​​သောင့်​သက်​သာမဖြစ်​တာမျိုး မရှိ​တော့ဘူး။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now