40

7.4K 817 2
                                    

၄၀။ Date

Gongzi(公子) ကုန်းဇီ: သခင်​​လေး၊ အ​ခြေခံအားဖြင့်​ ကြွယ်​ဝချမ်းသာတဲ့ ​ရှေး​ခေတ်​တရုတ်​ဆယ်​​ကျော်​သက်​​ယောကျာ်း​လေး​တွေကို ရည်​ညွှန်း။

DaRen(大人) တာ့ရန်​: ​လေးစားရမယ့်​ အာဏာရှိလူပုဂ္ဂိုလ်

___

ရိရီချန်း ပြန်​မ​ဖြေဘူး၊ သူအ​ပေါက်​၀မှာရပ်​​နေပြီး မုရုံရွှယ်​ကို​အေးစက်​စွာကြည့်​​နေတယ်​။ သူ သူမကို ​လေ့လာ​နေတာက _ သူမရဲ့လှပတဲ့မျက်​နှာ​သေး​သေး​လေး၊ သူမရဲ့ချယ်​ရီ​ရောင်​နှုတ်​ခမ်းနဲ့ သွယ်​လျားအချိုးကျတဲ့လည်​ပင်း​လေး။ အပြစ်​အနာအဆာတစ်​ခုမှကို မရှိဘူး။ သူ သူမကိုဆက်​ကြည့်​​နေတယ်​ _ သူမရဲ့လက်​​သေး​သေး​လေးက ၀ိုင်​ပုလင်းငယ်​​ကိုကိုင်​ထားတယ်​၊ အဲ့လိုကိုင်​ထားတာ​ကြောင့်​ သူမရဲ့အစိမ်း​ရောင်​အကျီလက်​စက ​အောက်​ကို​လျှောကျ​နေပြီး သူမရဲ့​ကောင်းမွန်​တဲ့အသားအ​ရေကို လှစ်​ဟပြ​နေသလိုပဲ။

သူမကခုထိကို ရိုးသားအပြစ်​ကင်းတဲ့အပျို​လေးပဲရှိ​သေးတယ်​! သူမ အိုးရန်​​ရှောင်​ချန်​ကို မလုပ်​သင့်​တာ ဘာမှမလုပ်​ခဲ့ဘူး!

ရိရီချန်း သက်​ပြင်းအသာချပြီး တည်​ငြိမ်​စွာ​ပြောလိုက်​တယ်​.. "မင်းက ကိုယ့်​ရဲ့အနာဂတ်​ဇနီးတစ်​​ယောက်​ဖြစ်​လာမှာ.. အဲ့တာကိုမှတ်​ထားပါ... တခြား​ယောကျာ်း​​တွေနဲ့ အ​ပေါင်းအသင်း​လျှောက်​လုပ်​မ​နေနဲ့..."

"မင်းသားကျင်း(ရိရီချန်း)၊ ကျွန်​မက ​​စေ့စပ်​ပွဲကိုဖျက်​ပြီးသွားပြီ... ကျင်းမြို့သား​တွေကို အသိ​ပေးဖို့ကရှင့်​ရဲ့အနာဂတ်​ဇနီးက ချင်​ယွီယမ်​.. မိုပိုင်းမင်းသမီးဆိုတာပဲ... ကျွန်​မကို ဒီလိုစက်​ဆုတ်​စရာ​ကောင်းတဲ့ဂုဏ်​​တွေနဲ့ လာပြီးဆက်​နွယ်​​မ​နေပါနဲ့...." သူမမျက်​ဝန်းထဲမှာ အမုန်း​တွေအပြည့်​နဲ့ မုရုံရွှယ်​ သူ့စကားကိုဖြတ်​​ပြောလိုက်​တယ်​။

ရိရီချန်းမျက်​နှာ မည်း​မှောင်​လာပြီး သူမကို​စေ့​စေ့ကြည့်​ကာ စကားလုံးတစ်​လုံးချင်းစီ ပြတ်​သားစွာ​ပြောလိုက်​တယ်​... "ကိုယ်​တို့​စေ့စပ်​တာကို မဖျက်​သိမ်းဘူး..."

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now