75+76+77+78+79

4.9K 579 50
                                    

75 : : မိသားစုရဲ့ ရန်သူ

"ဘာလို့လဲဆိုတော့ တစ်စုံတစ်ယောက်က သူ့ကို လိမ်ခဲ့လို့"
မုရုံရွှယ် ပြောလိုက်တယ်
မုရုံရွယ် အဝေးရောက်နေတုန်းက မုရုံရယ်အသက်က လေးနှစ်ပဲ ရှိသေးတာ သူက ပျော့ညံ့ပြီး အားနည်းနေခဲ့တာ
မုရုံကျန်းက အင်အားကြီးတဲ့အပြင် အလိုကြီးတော့ မုရုံရယ်ကို ဘယ်သူမှမသိစေဘဲ အလွယ်လေး ပထုတ်လိုက်နိုင်ပြီး မိသားစုခေါင်းဆောင်နေရာကို ရယူသွားခဲ့တာ

ကျင်းကျိုးမြို့ကို ထွက်သွားတာက မိသားစုခေါင်းဆောင်နေရာကို လက်လျှော့လိုက်တဲ့ အဓိပ္ပါယ်ဖြစ်ပေမဲ့ အဲ့လိုပုံစံက လောဘကြီးတဲ့ သခင်မကြီးတုနဲ့ သူ့သားတို့ ပုံစံမဟုတ်ဘူး  ဒါကြောင့် မုရုံကျန်း ထွက်သွားတာက တစ်စုံတစ်ယောက်ရဲ့ ဖိအားပေးမှုကြောင့် ဆိုတာ သူမသိခဲ့တယ်

ဝန်ကြီးချုပ်ရှီ ရယ်လိုက်တာကို မုရုံရွှယ်က ခန့်ညားတယ်လို့ တွေးလိုက်တယ်

"အဲ့တုန်းက မုရုံကျန်းကို ပြောင်းရွှေ့စေဖို့ ချန်းကော်ကုန်းနဲ့ ငါ တစ်ခုခုလုပ်ခဲ့တယ်"

"ကျေးဇူးအများကြီး တင်ပါတယ် ဝန်ကြီးချုပ်"
မုရုံရွှယ် တုံ့ပြန်လိုက်တယ် ဝန်ကြီးချုပ်ရှီ ပြောတာကို သူမယုံကြည်တယ် ဘာလို့လဲဆိုတော့ ချန်းကော်ကုန်းနဲ့  မုရုံရွယ်က သူငယ်ချင်းကောင်းတွေဖြစ်လို့ မုရုံကျန်း ပြောင်းရွှေ့အောင် တနည်းနည်းနဲ့ လုပ်လိမ့်မယ်ဆိုတာ သေချာတယ်လေ

ဝန်ကြီးချူပ်ရှီနဲ့ ချန်းအိမ်တော်ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် ကျန်းအိမ်တော်ဟာ မဒမ်တုနဲ့ သူ့သားရဲ့ လွှမ်းမိုးချယ်လှယ်မှုအောက် ရောက်သွားမှာ အ့တာသာ ဖြစ်သွားခဲ့ရင် သူမအခုချိန်ထိ အသက်ရှင်နေဦးမလားလို့ သံသယဖြစ်မိတယ် ဒါမဲ့ မုရုံရယ်ကတော့ သေမှာ သေချာတယ်

ဝန်ကြီးချုပ်ရှီက အားပါးတရ ရယ်လိုက်ပြီး

"ငါ့ကို ကျေးဇူးတင်ဖို့မလိုပါဘူး မင်းအဘိုး ပြောတဲ့အတိုင်း ငါက လုပ်ခဲ့ရုံပဲ"

"ကျွန်မအဘိုး?"
မုရုံရွှယ် စိတ်ရှုပ်သွားတယ် အဲ့နောက် သူမမှတ်မိသွားတယ် သူမအဘွားက ဆုံးပါးသွားတာ ကြာနေတဲ့အပြင် သူမအဘိုးကလည်း ကျန်းမာရေးမကောင်းဘူး သူက အမြဲ အိပ်ရာထဲလဲနေရပြီး သူမအမေ သခင်မရှန် ဆုံးသွားပြီးနောက်မှာတော့ သူလဲ ဆုံးပါးသွားတော့တယ် သူမဦးလေးက နယ်စပ်မှာ စစ်ဗိုလ်အဖြစ် တာဝန်ထမ်းဆောင်နေရပြီး မိသားစုကပါ အဲ့မှာ လိုက်နေတယ် မြို့တော်ကို ပြန်လာတယ်ဆိုတာ အရမ်းရှားပါးတယ်

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now