၂၁

9.7K 1.1K 36
                                    

၂၁။ ဝူအန်းMarquisအိမ်​​တော်​ကို ပြဿနာရှာ

တုသခင်​မကြီးနဲ့ မုရုံ​ရော့.. အဲ့ဒိ့သားအမိနှစ်​​ယောက်​လုံးက ချမ်းသာကြွယ်​ဝ​နေကြတာ​တောင်​မှ သူမနဲ့သူမအကိုရဲ့အ​မွေ​တွေကို မသမာတဲ့နည်း​တွေနဲ့ ခိုးယူ​နေတုန်းပဲ။ ဘယ်​​လောက်​​တောင်​ ​လောဘကြီးပြီးအလိုဆန္ဒ​တွေကြီးမားတဲ့ သူ​တွေလဲ။ သူတို့ကြားမှာရှိတဲ့ ​အနည်းငယ်​မျှ​သော​ဆွေမျိုးဆိုတဲ့ဆက်​ဆံ​ရေးကလည်း ဒီသားအမိနှစ်​​ယောက်​​ကြောင့်​ လုံးဝပျက်​စီးသွားခဲ့ပြီ။ သူမ​အ​မေရဲ့ပစ္စည်း​ရောင်းဆိုင်​မှာရှိတဲ့ အရာ​တွေကို ဘယ်​သူ့ကိုမဆို​ပေးနိုင်​တယ်​... ဒါ​ပေမယ့်​ ဝူအန်းMarquisအိမ်​​တော်​ မပါဘူး။

"အာ.."တာဝန်​ခံ​တွေ တစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​လိုက်​ပြီး မျက်​နှာ​တွေက​တော့ ခါးသီးမှုအသွင်​​ဆောင်​​နေတယ်​။ "သခင်​မ​လေးကို တင်​ပြပါမယ်​... ကျွန်​​တော်​မျိုးတို့ ဝူအန်းအိမ်​​တော်​ကို လတိုင်းလူလွှတ်​ပြီး ပိုက်​ဆံ​ပေးဖို့​ပြောပါတယ်​.. ဒါ​ပေမယ့်​ သူတို့က အချိန်​ဆွဲပြီး ဘယ်​တုန်းကမှပိုက်​ဆံမ​ပေးပါဘူး..."

"ဟုတ်​ပါတယ်​ သခင်​မ​လေး... ဝူအန်းအိမ်​​တော်​ကလူ​တွေက သိပ်​ကိုကလိန်​ကကျစ်​ကျပါတယ်​... ကျွန်​​တော်​တို့လူ​တွေဘယ်​လို​ပြော​ပြော သူတို့ကတစ်​ခွန်းပဲပြန်​​ပြောပါတယ်​... ငါတို့​နောက်​လ​ပေးမယ်​...ဆိုတာပါပဲ"

"အဲ့လိုနဲ့ ​နောက်​လပိုက်​ဆံသွား​တောင်း​တော့လည်း သူတို့က​နောက်​လ​ပေးမယ်​လို့ဆက်​​ပြောပါတယ်​... အဲ့လိုနည်းနဲ့ သူတို့​ပေးရမှာ​တွေကို ​ရွေ့ဆိုင်းခဲ့တာလွန်​ခဲ့တဲ့ ဆယ်​နှစ်​​ကျော်​က​နေ အခုထိပါပဲ..."

တာဝန်​ခံက ကျယ်​​လောင်​စွာ​ပြောကြားလိုက်​တယ်​။ မုရုံရွယ်​နှုတ်​ခမ်း​ဖျားက တွန့်​ချိုးပြီး သ​ရော်​ပြုံးပြုံးလိုက်​တယ်​။ တုသခင်​မကြီးနဲ့ မုရုံ​ရော့က ချန်းအ​မွေဆိုင်​က ပစ္စည်း​တွေအားလုံးကို တိတ်​တဆိတ်​​ရွှေ့ဖို့ပြင်​​နေကြတယ်​လား...? ​လောဘကြီးလိုက်​တာ​နော်​... သူတို့​တွေက တကယ်​ကို ခိုးဝှက်​ခြင်းအနုပညာမှာတစ်​ဖက်​ကမ်းခတ်​ ကျွမ်းကျင်​တာပဲ...။

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now