126: အဖျားအနာပျောက်စေတဲ့ လက်ထပ်ပွဲ

1.3K 160 12
                                    

Zawgyi

#chapter126
အဖျားအနာပျောက်စေတဲ့ လက်ထပ်ပွဲ

"အဲ့တာဘာလဲ"
ကျင်းကြင်ယာတော်ဟောင်း အလျင်စလို အသံရှိရာ လှည့်ကြည့်လိုက်တော့ အစိမ်းရောင်ကိုယ်ကျပ်အင်္ကျီဝတ်ဆင်ထားတဲ့ မိန်းမအစေခံတစ်ဦးကို တွေ့လိုက်ရသည်။ သူမက လဲ့အာ လို့ခေါ်တွင်ပြီး အသက် ၁၅၊ ၁၆လောက်ရှိကာ အဓိကခြံဝန်းမှ ဒုတိယအဆင့် အစေခံမလေးဖြစ်သည်။

သူမက တည့်တည့်ရပ်ပြီး ပြောပြလိုက်သည်။
"သခင်မ အဖျားအနာပျောက်စေတဲ့ လက္ထပ္ပြဲက ရောဂါတွေကို ပျောက်စေတယ်လို့ ကျွန်မ တစ်စုံတစ်ယောက်ပြောတာ ကြားဖူးတယ်"

"အဖျားအနာပျောက်စေတဲ့ လက္ထပ္ပြဲ?!"
ကျင်းကြင်ယာတော်ဟောင်း မျက်လုံးဝင်းလက်သွားသည်။ ဟုတ်တာပေါ့! အဖျားအနာပျောက်စေတဲ့ လက္ထပ္ပြဲက မကောင်းတဲ့အရာတွေကို မောင်းထုတ်နိုင်ပြီး သေခါနီလူကိုတောင် ကျန်းမာတဲ့ ခန္တာကိုယ်ဖြစ်အောင် လုပ်ပေးနိုင်သည်။ ရောဂါဟောင်းကြောင့် အသည်းအသန်ခံစားနေရပြီး သေတော့မဲ့ တစ်စုံတစ်ယောက်က ဒီနည်းသုံးပြီး ပြန်ကောင်းလာတာကို သူမမြင်ဖူးသည်။

ရီချန်းသာ အဖျားအနာပျောက်စေတဲ့ လက္ထပ္ပြဲ ကျင်းပလိုက်မယ်ဆို သူမယောက်ျား မကြာခင် ပြန်ကောင်းလာနိုင်သည်။

ကျင်းကြင်ယာတော်ဟောင်း ရီချန်းကို ကြည့်လိုက်သည်။ သူက နန်းတွင်းသမားတော်စန်းကို ကြည့်ကာ
"သမားတော်စန်း ဒီနည်းက ကျွန်တော့်အဖေကို ကယ်နိုင်မယ်ထင်လား"

"အာ.."
သမားတော်စန်း မျက်မှောင်ကြုတ်သွားသည်။
"ဒါက ဆေးပညာနဲ့မဆိုင်တာကြောင့် အလုပ်ဖြစ်မဖြစ် ကျွန်တော်လဲ မေသခ်ာဘူး ဒါပေမဲ့ တစ်စုံတစ်ယောက် ဒီနည်းနဲ့ ပြန်ကောင်းလာတယ်လို့ ကြားဖူးတယ်"
ဒါပေါ့ လက်ထပ်ပွဲပြီးတာနဲ့ သေရင်လဲ သေသွားနိုင်သည်။ ဒါက ဘုရားသခင်ရဲ့ ဆုံးဖြတ်ချက်ပဲ

ရီချန်း ခေါင်းညိတ်ကာ မျက်လွှာချပြီး တခဏလောက် ဘာမှမပြောပေ။

ကျင်းကြင်ယာတော်ဟောင်း စိတ်မရှည်ဖြစ်လာကာ
"ရီချန်း မင်းအဖေက ငယ်သေးတယ် ကောက်ရိုးတစ်မျှင်ဆိုရင်တောင် အမေတို့ ကြိုးစားကြည့်ရမယ်လေ ဟုတ္တယ္မလား"

မ​ကောင်းဆိုးဝါးမင်းသားနဲ့သူ့ရဲ့အဖိုးတန်​ဇနီး Where stories live. Discover now